ဂျပန်မှာ ဆူမိုနပန်းပြိုင်ပွဲပြန်စပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#ဂျပန်ဆူမိုနပန်းပြိုင်ပွဲပြန်စပြီ

ဂျပန်နိုင်ငဲမှာ COVID 19 ရောဂါကြောင့် ၅ လကြာရပ်ဆိုင်းထားခဲ့တဲ့ ဆူမိုနပန်းပြိုင်ပွဲတွေကို ပြန်လည်ကျင်းပတော့မှာ ဖြစ်သလို ပွဲကြည့်ပရိသတ်ကိုလည်း (နည်းနည်းချင်း) ကြည့်ရှုအားပေးခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ပရိသတ်အားလုံးဟာ mask တတ်ရမှာဖြစ်သလို social distance သတ်မှတ်တဲ့ အကွာအဝေးအတိုင်းထိုင်ကြရမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်ရတဲ့ ဆူမိုနပန်းပြိုင်ပွဲဖွင့်ပွဲ ကျင်းပတဲ့ Ryogoku Kokugikan အားကစားရုံကြီးဟာ ပရိသတ် ၁၁၀၀၀ ဆန့်ပေမယ့် ပရိသတ် ၂၅၀၀ ကိုပဲ ဝင်ခွင့်ပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ဘေ့စ်ဘောပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲတွေမှာ ပွဲကြည့်ပရိသတ်နည်းနည်းချင်းစီ ဝင်ခွင့်ပြုနေပါပြီ။

Source: The Straits Times (20/07/2020)

ဗန်းမော်သိန်းဖေ
၂၀-၀၇-၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •