“ဂျပန်ရထားတွဲအသစ်များ ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ဆက်တိုက်ရောက်ရှိမည်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေးရထားလမ်းစသည်တို့တွင် ပြေးဆွဲအသုံးပြုမည့် ရထားတွဲအသစ်များ ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ဆက်တိုက်ရောက်ရှိမည်”
===============================

ဂျပန်နိုင်ငံအစိုးရက တရားဝင်ဖွံ့ဖြိုးမှုအစီအစဥ် (Official Development Assistance, ODA) အရ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထားပြီး မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့တွင် ပြေးဆွဲအသုံးပြုရန်လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားရန် စီစဥ်ထားပါသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် Mitsubishi Corporation နှင့် မြန်မာ့မီးရထားတို့အကြား အဆိုပါရထားတွဲများနှင့်ပတ်သက်သည့် စာချုပ်ချုပ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆို ပါရထားတွဲများကို စပိန်နိုင်ငံ၏ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် CAF ကုမ္ပဏီက ဂျပန်ထုတ်စက်ပစ္စည်းကိရိယာအချို့ကိုအသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်သည့် အတွက် အဆိုပါရထားလမ်းများတွင် အရည်အသွေးကောင်းမွန်သည့် ရထားတွဲများဖြင့် ‌ပြေးဆွဲ သွားနိုင်ရန် မျှော်လင့်ပါသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ် နာရီလျှင် ၆၀ ကီလိုမီတာဖြင့် ပြေးဆွဲပြီး မြို့ပတ်ရထားလမ်းတစ်ပတ်ပြေးဆွဲချိန်သည် လက်ရှိ မိနစ် ၁၇၀ ခန့် ကြာမြင့်သော်လည်း စီမံကိန်းအရ မိနစ် ၁၁၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ပါ သည်။
ရန်ကုန်-မန္တလေးရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မှ မြို့တော် နေပြည်တော်ကို ဖြတ်သန်း၍ ဒုတိယစီးပွားရေးမြို့တော် မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခန့်ရှည်လျားသော မြန်မာနိုင်ငံ၏ အဓိကရထားလမ်းကြောင်းကို ပြေးဆွဲမည်ဖြစ်ပါသည်။ ထို့အပြင် လက်ရှိ ကြာမြင့်ချိန်ဖြစ်သော ပြေးဆွဲချိန် ၁၅ နာရီခန့်ကို စီမံကိန်းအရ ၈ နာရီခန့်အထိ များစွာ လျှော့ချနိုင်မည်ဖြစ်ပါသည်။
ဤရထားတွဲများပြေးဆွဲခြင်းဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေချောမွေ့ကာ မြန်မာနိုင်ငံစီးပွား‌ရေး သက်ဝင်လှုပ်ရှားလာစေရေးအတွက် အထောက်အကူပြုနိုင်ရန် မျှော်လင့် ပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့် ပူးပေါင်း‌ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားပါမည်။

Embassy of Japan in Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •