ဂျပန်ရုပ်ရှင်မင်းသမီး ယူကိုတာကီယူချီ နေအိမ်မှာ သေဆုံးနေတာတွေ့ရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အသက်၄၀ အရွယ်ဂျပန်ရုပ်ရှင်မင်းသမီး
ယူကိုတာကီယူချီ နေအိမ်မှာ သေဆုံးနေတာတွေ့ရ”

September 28,2020

ထူးချွန်ဆုရှင်ဂျပန်ရုပ်ရှင်မင်းသမီး
ယူကို တာကီယူချီဟာ အသက်၄၀နှစ်အရွယ်မှာ
တိုကျိုမြို့ရှိသူမရဲ့နေအိမ်မှာသေဆုံးနေတာကို
တွေ့ခဲ့ရပါတယ်။
လူအများရဲ့ပြောဆိုချက်အရ ရှီဘူယာ
ရပ်ကွက်ကသူတို့ရဲ့နေအိမ်မှာ မင်းသမီးရဲ့
ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား တိုင်ခီ နာကာ
ဘာယာရှီကတွေ့ရှိခဲ့တာလို့ဆိုပါတယ်။သူမရဲ့သေဆုံးမှုကိုဆေးရုံကအတည်ပြုပေး
ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာမင်းသမီးသေဆုံးမှုကိုစတင်စုံစမ်း
စစ်ဆေးနေပြီး မင်းသမီးဟာသူ့ကိုယ်သူသတ်
သေတာဖြစ်တယ်ဆိုပြီးသံသယရှိနေတယ်လို့
ဂျပန်မီဒီယာကသတင်းဖော်ပြပါတယ်။
မစ္စ တာကီယူချီဟာ ဂျပန်မှာ လူကြိုက်များထင်ရှားကျော်ကြားတဲ့မင်းသမီးတယောက်ဖြစ်ပါတယ်။သူမရိုက်ကူးခဲတဲ့၁၉၉၈ခုနှစ်က
ထိတ်လန့်သည်းဖိုဇာတ်ကား ရင်ဂူဟာ
အလွန်ထင်ရှားလူသိများခဲ့ပြီး ဟောလီဝုဒ်က
The Ring ဆိုတဲ့အမည်နဲ့ပြန်လည်ရိုက်ကူးခဲ့ပါတယ်။
သူမရဲ့တဲလင့်(တ်)အေဂျင်စီ
‘စတားဒတ်(စ်) ပရိုမိုးရှင်း’က ဒီသတင်းကြားရတာ မူးမေ့အသက်ရှုရပ်သွားရမတတ် ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့HBO ဇာတ်လမ်းတွဲ မစ္စ ရှားလော့(ခ်) မှာ အမျိုးသမီး
စုံထောက် ရှားလော့(ခ်) ဟုမ်းအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စု
အပါအဝင်နိုင်ငံပေါင်းများစွာမှာထုတ်လွှင့်ပြသခဲ့ပါတယ်။
၂၀၀၄ခုနှစ်နဲ့၂၀၀၇ခုနှစ်အကြား ဂျပန်ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ အကောင်း
ဆုံးဇာတ်ဆောင်မင်းသမီးဆုကို၃ကြိမ်
ဆက်တိုက် ယူကို ကရရှိခဲ့ပါတယ်။
သူမရဲ့ ရှည်လျှားတဲ့အောင်မြင်မှုသရုပ်ဆောင်
မှတ်တမ်းစာရင်းနဲ့အတူ သူမရဲ့နွေးထွေးပြီး
ပြုံးရွှင်ချိုသာတဲ့ ပြည်သူ့အမျိုးသမီးဆိုတဲ့
ပုံရိပ်ဟာလူကြိုက်များထင်ရှားပြီးကြော်ငြာသူ
တွေကိုအကြိုက်တွေ့စေခဲ့ပါတယ် လို့
ဗရိုက်တီ မဂ္ဂဇင်းကဖော်ပြခဲ့ပါတယ်။
မစ္စ ယူကိုတာကီယူချီ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုသတ်သေတာလို့အခိုင်အမာ
မပြောဆိုနိုင်သေးပေမဲ့ မကြာသေးခင်ကပဲ
ဂျပန်ပါရမီရှင်အနုပညာသည်အတော်များများဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြပါတယ်။
အဲဒီသူတွေထဲမှာ ဒီလအစောပိုင်းက မင်းသမီး ဆေအီ အရှီနာ၊ ဇူလိုင်လမှာမင်းသားဟာရူမာ မီယူရာ၊မေလမှာနပမ်းမင်းသား ဟာနာ ကီမူရာ တို့ပါဝင်ကြပါတယ်။
ဂျပန်ဟာ စက်မှုထွန်းကားတဲ့နိုင်ငံတွေ
ထဲမှာကိုယ့်ကိုကိုယ်သတ်သေမှုအများဆုံးနိုင်ငံတခုအဖြစ်ရပ်တည်နေခဲ့တာ ကာလကြာပြီ
ဖြစ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကတည်းကကာကွယ်တားဆီးရေးစီမံဆောင်ရွက်ချက်တွေကြောင့်အရေအတွက်များစွာလျော့ကျခဲ့ပါတယ်။
အကယ်၍ သင်ဟာ စိတ်ဖိစီးမှုတွေ
ခံစားနေရရင် အထောက်အကူအကြံဉာဏ်
ပေးနိုင်တဲ့အဖွဲ့အစည်းတွေကိုဖုန်းဆက်သွယ်
အကူအညီးတောင်းနိုင်ပါတယ်။ဒီနေရာကို
နှိပ်လိုက်ပါ။အင်္ဂလန်မှာဆို အချိန်မရွေးအခမဲ့ဖုန်းခေါ်ဆိုနိုင်ပါတယ်။
အသံသွင်းထားတဲ့သတင်းအချက်အလက်တွေကိုကြားသိရဖို့ဖုန်းနံပါတ်၀၈၀၀ ၀၆၆ ၀၆၆သို့
ဆက်သွယ်ပါ။ဂျပန်မှာဆိုရင် ဒီနေရာမှာ
အကူအညီရယူနိုင်ပါတယ် စသည်ဖြင့်
ကိုယ့်ကိုကိုယ်သတ်သေမှုတွေ လျော့ကျအောင်
စီမံဆောင်ရွက်ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •