ဂျပန်လူမျိုး ODA စီမံကိန်းတာဝန်ခံ အရာရှိများ ANA ကယ်ဆယ်ရေး လေယာဥ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဂျပန်လူမျိုး ODA စီမံကိန်းတာဝန်ခံ အရာရှိများ ANA ကယ်ဆယ်ရေး လေယာဥ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံတွင် ODA စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မရှိမဖြစ်အရေးပါသော ဂျပန်ကုမ္ပဏီများမှ အင်ဂျင်နီယာနှင့် တာဝန်ခံအရာရှိ ၂၀ ဦးသည် မြန်မာနိုင်ငံအစိုးရက စီစဥ်ထား သည့် All Nippon Airways (ANA) ကယ်ဆယ်ရေး လေယာဥ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၂၆ ရက် တွင် ချောချောမွေ့မွေ့ ရောက်ရှိခဲ့ကြပါသည်။

ယခုတစ်ခေါက် ရောက်ရှိသည့် တာဝန်ခံ အရာရှိများသည် ODA စီမံကိန်းဖြင့် လမ်း၊ တံတား၊ မီးရထားနှင့် လျှပ် စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများနှင့် ဆေးရုံများ တည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော နည်းပညာ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ကြွယ်ဝသူများ ဖြစ်ကြပြီး မြန်မာနိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ၎င်းတို့ မြန်မာနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် အထူး အဆိုပြုထားပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် အဆိုပါ တာဝန်ခံ အရာရှိများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ ODA စီမံကိန်းများ အဆင်ပြေချောမွေ့စွာ အဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားပါမည်။

ဂျပန်သံရုံးအနေဖြင့် ကယ်ဆယ်ရေး လေယာဥ်စီစဥ်ရာတွင် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြ သည့် မြန်မာနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ANA လေကြောင်းလိုင်းတို့ကို အထူး ကျေးဇူးတင်ရှိပါသည်။

Source – Japanese Embassy in Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •