ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို လာရောက်တွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လေ့လာခွင့်ပြုမည့် အစီအစဉ်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အစိုးရ၏ ကူညီဆောင်ရွက်ပေးခဲ့မှုနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •