ဂျာမနီက Pfizer နဲ့ BioNTech တို့ရဲ့ Covid ကာကွယ်ဆေး နှစ်မျိုး အမေရိကန် FDA ကနေ အမြန်ဦးစားပေးအဆင့်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂျာမနီက Pfizer နဲ့ ပါတနာ BioNTech တို့ကကြိုးပမ်းနေတဲ့ Covid ကာကွယ်ဆေး (BNT162b1 နဲ့ BNT162b2) နှစ်မျိုးဟာ အမေရိကန် FDA ကနေ #အမြန်ဦးစားပေးအဆင့် “fast track designation” အဆင့်ကို မနေ့က ရသွားပါတယ်။
ထုံးစံအတိုင်း BioNTech က စတော့ရှယ်ယာဟာ 10 % တက်သွားပြီး Pfizer ရဲ့စတော့ရှယ်ယာက 2 % တက်သွားပါတယ်။
ဒါဟာ FDA က #ကာကွယ်ဆေးအဖြစ်အသိအမှတ်ပြုသေးတာမဟုတ်သေးပေမယ့် ကာကွယ်ဆေးအဖြစ်အတည်ပြုရာမှာ #လွယ်ကူမြန်ဆန်စေဖို့လမ်းပွင့်သွားတာ ဖြစ်ပါတယ်။
BNT162b1 ကို ကျန်းမာတဲ့လူ 24 ယောက်မှာစမ်းတာ 28 ရက်ကြာတဲ့အခါမှာ Covid-19 antibodies ပဋိပစ္စည်းဟာ Covid အကူးခံရဖူးတဲ့ လူနာတွေထက် ပိုမိုမြင့်မားတာတွေ့ရပါတယ်တဲ့။
အဲ့ဒီလို Covid-19 antibodies ပဋိပစ္စည်းမြင့်နေရင် အကူးစက်ခံရဖို့ မလွယ်တော့ဘူးဆိုတဲ့သဘောပေါ့။
အဲ့ဒီ ဂျာမန်ဆေးကို ဒီလကုန်မှာ ခွင့်ပြုချက်ရရင် လူအယာက် 30000 မှာစမ်းသပ်ဖို့ မျှော်လင့်ထားတယ်။
ဒီနှစ်အကုန်မှာ ဆေး dose ပေါင်း သန်း 100 အထိထုတ်ဖို့ရည်ရွယ်ထားပြီး အကယ်၍ ဆေးသာအောင်မြင်ခဲ့ရင် 2021 အကုန်မှာ ဆေး dose ပေါင်း 1.2 ဘီလီယံအထိ ထုတ်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒီ fast track designation အဆင့်ကို အမေရိကန် FDA က ဘယ်သူ့ကိုပေးဖူးသလဲဆိုရင်…..
အမေရိကန်က ကာကွယ်ဆေး Moderna ဟာ မေလက အဲ့ဒီဦးစားပေးအဆင့်ကို ရထားပါတယ်။
ထိပ်ဆုံးရောက်နေတဲ့ စိတ်ချယုံကြည်ရတဲ့ဆေးတွေကတော့….
💉 AstraZeneca နဲ့ Oxford University က ကြိုးပမ်းနေတဲ့ AZD1222
💉 BioNTech နဲ့ Pfizer ရဲ့ BNT162 (a1, b1, b2, c2) အုပ်စု
💉 Moderna ရဲ့ mRNA-1273
💉 Inovio နဲ့ ကိုရီးယားတို့ရဲ့ INO-4800
🇨🇳 တရုတ်က ထိပ်ရောက်နေတာက
💉 Sinovac Biotech ရဲ့ CoronaVac
တခြားတရုတ်ကာကွယ်ဆေးတွေလည်းရှိသေးတယ်။
🇷🇺 ရုရှားကလူမှာစမ်းသပ်ပြီးပါပြီပြောနေတဲ့ဆေးက Gam-COVID-Vac Lyo တဲ့ Gamaleya Research Institute က လုပ်တာ။ Non-replicating viral vector နည်းပညာနဲ့လုပ်ထားတာ။
ရုရှားဘက်ကပြီးနေပြီပြောပေမယ့် Phase I (ပထမအဆင့်)ကို ငွေပေးစည်းရုံးထာတဲ့ ဗော်လန်တီယာ 38 ယောက်နဲ့ စမ်းတယ်လို့ ရေးထားတာပဲ တွေ့တယ်။
ဒါကတော့ အခုထိသိရသလောက်ဖြစ်ပါကြောင်း။
Richard Myo Thant
14-July-2020

Spread the love
  •  
  •  
  •  
  •  
  •  
  •