“ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီအကြောင်းတစေ့တစောင်း”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီအကြောင်းတစေ့တစောင်း”

November 1, 2020

မင်းသားရဲ့ရိုင်းရိုင်းကြမ်းကြမ်း ယောက်ျားပီသတဲ့ ရုပ်ရှင်သရုပ်ဆောင် စံပြ
ပုံစံဟာ မျိုးဆက်တွေကြားမှာ ပုံပြင်လို နှစ်သက်ချစ်ခင်တာကိုခံရပါတယ်။ ဒီပုံစံက
သူဟာ ပရိဿတ်ကို(ဒါမှမဟုတ်) ဘယ်သူ့ကိုမဆို ဘာအတွက်နဲ့ တောင်းပန်ခယ
နေတဲ့ပုံစံမျိုးရှိနေပုံမရအောင် အထောက်အကူပြုပါတယ်။
မျက်ခုံးမွှေးထူထဲမြင့်မားပြီး၊အချက်ကျကျ ရိသဲ့သဲ့ပြောတတ်တဲ့ရှောင်ကွန်နရီ(အမြဲလို
ဦးဆောင်နေရာရှိပေမဲ့)ဘာမှတောင်းဆိုမှုမလုပ်ခဲ့ပါဘူး။ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ချမှုက တစုံတခုသောအတိုင်းအတာအထိသူ့ရဲ့
အသက်မွေးဝမ်းကြောင်းကိုလည်းပဲပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။
Dr. No ကားရိုက်ကူးချိန်မှာ
ရှောင်ကွန်နရီဟာ အသက်၃၂နှစ်အရွယ်
ဖြစ်ပါတယ်။သူဟာ ဒုတိယ ကမ္ဘာစစ်တလျှောက် နေထိုင်ကြီးပြင်းခဲ့ရသူ တယောက်ဖြစ်ပါတယ်။အီဒင်ဘါ့ဒ်(ဂ်) မြို့မှာ
ဆင်းဆင်းရဲရဲမွေးဖွားခဲ့ရပြီး၊စစ်အတွင်း အသက် ၁၃နှစ်အရွယ်မှာကျောင်းထွက်ခဲ့ရပြီး၊
လူကြီးလူကောင်းတယောက်လို ဝတ်စားဆင်ယင်တာတွေမလုပ်နိုင်သေးခင်က
ရိုးရိုးအလုပ်သမားတယောက်နဲ့ပန်းရန်သမား
တယောက်အဖြစ်အလုပ်လုပ်ခဲ့ရပါတယ်။စစ်ရဲ့ထုတ်ကုန်တခုအဖြစ်သူဟာ ဘွန်းကိုတွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဘွန်းဟာ စစ်ပြီးချိန်မှာ ရုပ်ရှင်ပိတ်ကား ထက်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူတွေဟာ ရိက္ခာရာရှင်စံနစ်နဲ့ခွဲဝေမှုတွေ၊စိတ်ပျက်စရာအချိန်တွေ၊အဝတ်အစားတွေ
ဘဝမှာအလိုမကျမှုတွေနဲ့ ငြီးငွေ့စိတ်ပျက်နေကြပါတယ်။ကွန်နရီဟာ
ဆယ်ကျော်သက်အရွယ်တုန်းက ဗြိတိသျှရေတပ်မှာ အမှုထမ်းခဲ့တယ်လို့
Play Boy မဂ္ဂဇင်းကို ၁၉၆၅ခုနှစ်မှာ ပြောပြခဲ့ပါတယ်။”ဒီဇာတ်ကောင်ဟာ သူရဲ့
အဝတ်အစားတွေ၊ကားတွေ၊ဝိုင်တွေ၊အမျိုးသမီးတွေနဲ့ အပူပေးထားတဲ့ဒါးနဲ့
ထောပတ်တုံးကို လှီးဖြတ်လိုက်သလို အလွယ်တကူ ပေါ်ထွက်လာခဲ့တယ်”လို့ပြောပါ
တယ်။
အောင်မြင်ကျော်ကြားမှုရခဲ့ပြီး
အတန်အကြာမှာ ကွန်နရီဟာ အောင်မြင်မှုကို တင်းတိမ်ရောင့်ရဲစွာ စွန့်လွှတ်ခဲ့ပါတယ်။
သူ့ရဲ့နောက်ဆုံးဆယ်စုနှစ်နှစ်ခုကို ကာရေးဘီးယန်းဒေသမှာ အနားယူပြီးကွန်နရီ
ဟာသူ့ရဲ့အချိန်တွေကိုကုန်ဆုံးစေခဲ့ပါတယ်။
မကြာခနသူရဲ့မိန်းမနဲ့အတူဂေါက်သီးရိုက်ကစားခဲ့ပါတယ်။နောက်ထပ်ဟောလီဝုဒ် ခေတ်ပေါ် ထုတ်လုပ်မှုတွေဟာသူတို့ကိုအထင်
ကြီးအောင်မလုပ်နိုင်သလို ဆွဲဆောင်နိုင်မှုလည်းမရှိပါဘူး။🤓(ဒီလူ့အန္ဓတွေကိုအတော်ငြီးငွေ့စိတ်ပျက်တယ်
လို့သူကပြောခဲ့ပါတယ်။)သူရဲ့ဘွန်း
သရုပ်ဆောင်နေရာကိုဆက်ခံခဲ့သူ ဒန်နီယယ််ခရိတ်က ကွန်နရီဟာ ခေတ်သစ်ရုပ်ရှင်ရုံတွေ ရုံပြည့်ရုံလျှံ
အောင်မြင်မှုကို အထောက်အကူပေးခဲ့သူတယောက်လို့
အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။
ကွန်နရီရဲ့ ဘွန်းဟာအဲ့ဒီခေတ်က လူကြိုက်များတဲ့ စံပြဇာတ်ကောင်တခုအဖြစ်
ပေါ်လွင်ခဲ့ပါတယ်။သူ့ရဲ့မြူးကြွနှစ်လိုဖွယ်
သွက်လက်ဖျတ်လတ်မှု၊မိန်းမကျမ်းကြေမှု၊ယောက်ျားပီသမှု စံပြပုံစံတွေဟာ နှစ်ဆယ်ရာစု
ဒုတိယတဝက်လောက်ကိုလွှမ်းမိုးထားခဲ့
ပါတယ်။ကွန်နရီရဲ့ အလေးထားမှုတွေဟာ
အားလုံးမဟုတ်ပေမဲ့နေရာအတော်များများမှာ
သူ့ရဲ့ဇာတ်ကောင်စရိုက်နဲ့ကွဲပြားခြားနား
ပါတယ်။ Play Boy မဂ္ဂဇင်းနဲ့ အဲ့ဒီတွေ့ဆုံမေးမြန်းခန်းမှာပဲ “မိန်းမတယေက်ကို လက်သီးနဲ့ထိုးတာဟာ
ဘယ်လိုလုပ်ပြီး မှန်ကန်မျှတမှုရှိမှာလဲဗျာ”
လို့ပြောပြခဲ့ပါတယ်။ဘွန်းနေရာမှာ ကွန်နရီ ဟာ
ပဌမဆုံးသရုပ်ဆောင်ခဲ့ပေမဲ့ နောက်ဆုံးအချိန်ထိတော့မဟုတ်ပါဘူး။သူ့ကိုသဘောကျနှစ်သက်တဲ့ပရိဿတ်က ဘွန်းဇာတ်ကောင်အဖြစ်သရုပ်ဆောင်နေတာကို မစွန့်လွှတ်ဖို့ အတန်တန်တောင်းပန်ကြပေမဲ့
သူ့အသက်၄၁နှစ်မှာဘွန်းအဖြစ်သရုပ်ဆောင်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။(သူဟာ ၁၉၈၃ခုနှစ်မှာ
“Never Say,Never Again”ဇာတ်ကားမှာဘွန်းအဖြစ်ပြန်သရုပ်ဆောင်ပေးဖို့ချော့မော့တိုက်တွန်းတာကိုခံခဲ့ရပါတယ်။)ပုံစံသေဇာတ်ကောင်စရိုက်ကို မရိုက်ချင်လို့ငြင်းဆန်းနေရင်းနဲ့ တကြိမ်ပြန်ရိုက်ကူးပေးခဲ့ရပါတယ်။

နောက်တော့သူရဲ့ အကောင်းဆုံးနဲ့စိတ်ဝင်စား
စရာအကောင်းဆုံးသရုပ်ဆောင်မှုတွေ
ပေါ်ထွက်လာခဲ့ပါတယ်။ ဆစ်ဒနီလူးမက်(ထ်)နဲ့
အတူရိုက်ခဲ့တဲ့ဇာတ်ကား၅ကားအနက် ပဌမဆုံးဇာတ်ကားဖြစ်တဲ့ The Hill(၁၉၆၅)ပေါ်ထွက်လာခဲ့ပါတယ်။တခြားဇာတ်ကားတွေကတော့”The Anderson Tapes”,”The Offense”,”Murder on the Orient Express”,”နဲ့ “Family Business”တို့ဖြစ်ကြပါတယ်။များစွာသောကွန်နရီရဲ့ကားတွေလို အခန်းများစွာမှာမပါဝင်ရပေမဲ့ ဇာတ်ဆောင်တယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း၊ကျားကျားလျားလျားသရုပ်ဆောင် စွမ်းရည်တွေကို ပြသနိုင်မှုတွေကျန်နေရစ်ခဲ့ပါတယ်။သူဟာ ပူပြင်း
တောက်လောင်နေတဲ့ လစ်ဗျားသဲကန္တာရထဲမှာ
ရှိတဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဗြိတိသျှစစ်တပ်
ဒုတိယကမ္ဘာစစ် စစ်အကျဉ်းထောင်မှာ
အချုပ်နှောင်ခံရနေတဲ့ ဆန့်ကျင်တွန်းလှန်ပြီး
အနိုင်မခံ အရှူံးမပေးတဲ့စိတ်ဓာတ်ရှိသူ အကျဉ်းသားတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

သူဟာရုယဒ် ကစ်ပလင်ရဲ့ ဝတ္ထုတပုဒ်ကို
အခြေခံရိုက်ကူးထားတဲ့ ဂျွန်ဟူစတန်ရဲ့”The Man who would be King”ဇာတ်ကားမှာ
ဆယ်စုနှစ်တခုကြာပြီးနောက် တခါထပ်ပြီး
စစ်သားတယောက်အဖြစ်သရုပ်ဆောင်ခဲ့
ပါတယ်။
အဲ့ဒီဇာတ်ကားမှာသူဟာ ကာဖီရစ္စတန်မှာ နတ်ဘုရားတပါးအဖြစ်ယုံကြည်သတ်မှတ်ခံရတဲ့ စစ်အရာရှိတဦးအဖြစ် သရုပ်ဆောင် ထားပြီးဒီအမြင်ဆက်လက်ခိုင်မြဲ နေရစေဖို့ရုန်းကန်လှုပ်ရှားနေရပုံတွေကိုပီပြင်စွာသရုပ်ဆောင်ခဲ့ပါတယ်။ဘွန်းဇာတ်ကားက
ဗီလိန်တဦးထက်ပိုပြီးခံ့ညားတဲ့ ရန်သူတွေရဲ့
စိမ်ခေါ်မှုကို ခံရတဲ့အချိန်မှာ ကွန်နရီရဲ့ကိုယ့်ကို
ကိုယ်ယုံကြည်မှုဟာ အမြင့်မားဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ “The Untouchables”ဇာတ်ကားမှာ
အော်စကာဆုကိုရရှိခဲ့ပါတယ်။
အကယ်ဒမီဆုကိုလက်ခံယူရင်း ကွန်နရီဟာ
၁၉၇၅ကတည်းကသူ့ဇနီးဖြစ်ခဲ့သူ မီချယ်လင်း
ရိုကွီ ဘရူနေ ကိုစကားပြောဆိုခဲ့ပါတယ်။
“ဒီဆုရတဲ့အချိန်မှာ ကျွနော်ဘေးကျပ်နံကျပ်နံကျပ်အခြေအနေတခုကြုံရတယ်ဗျ။တကယ်လို့များကုသိုလ်ကံကောင်းလို့ဆုရခဲ့ရင်ဒီဆုနဲ့ထိုက်တန်တဲ့ ကျွန်တော့်ဇနီးကိုပေးမယ်လို့ဆုံးဖြတ်ထားတာပါ။ဒါပေမဲ့ ဒီညနေခင်းမှာ ကျွန်တော်ကန့်လန့်ကာနောက်ကွယ်က ကိစ္စကို
သိလိုက်ရတယ်။ဒီဆုတွေဟာ ဒေါ်လာ၁၅၀၀၀
တန်တယ်တဲ့ဗျ။အခုဆို ကျွန်တော် သိတ်မသေချာတော့ဘူး။မီချယ်လင်းရေ..ငါမင်းကိုစနေတာပါ။ဒီဆုဟာ မင်းဟာပါ။”လို့ကွန်နရီကပြောခဲ့ပါတယ်။

ကွန်နရီဟာ မင်းသားတယောက်အဖြစ်
ကောင်းမွန်စွာသက်တမ်းကြာရှည်သရုပ်ဆောင်
နိုင်ခဲ့ပါတယ်။” and Marian(၁၉၇၆)
ဇာတ်ကားမှာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့
ရော်ဘင်ဟုဒ် အဖြစ် အော်ဒရေဟက်ပ် ဘန်းနဲ့
အတူတွဲပြီးသရုပ်ဆောင်ခဲ့ပြီးဂျွန်မက်
တိုင်ရာနန် ရဲ့ “The Hunt for Red October”
ဇာတ်ကားမှာ မီးလောင်ပေါက်ကွဲနိုင်တဲ့ ရေငုတ်သင်္ဘောကက်ပတိန် တယောက်အဖြစ်
သရုပ်ဆောင်ခဲ့ပါတယ်။

စတီဗင်စပီးဘာ့ဂ် ရဲ့
“Indiana Jones and the Last Crusade”
(၁၉၈၉)မှာဟယ်ရီဆင်ဖို့ဒ်ရဲ့ ချစ်စရာကောင်းတဲ့ ရွှတ်နောက်နောက်နဲ့ ပျော်တတ်တဲ့ ဖခင်တဦးအဖြစ်
သရုပ်ဆောင်ခဲ့ပါတယ်။တခြား အင်ဒီယာနာဂျန်း(စ်) ဇာတ်ကားတွေဟာသူကို့အနားယူနေရာကနေ
ပြန်ပြီးသရုပ်ဆောင်ဖြစ်အောင်သွေးဆောင်
ခဲ့တယ်လို့ရှောင်ကွန်နရီကပြောခဲ့ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •