ဂျိုးဘိုင်ဒင်ကို သမ္မသစ်အဖြစ် ကွန်ဂရက်က အတည်ပြု၊ ဒေါ်နယ်ထရမ့်ထောက်ခံသူများက ကွန်ဂရက်အဆောက်အဦကို စီးနင်းမှု ၄ ဦးသေ ၅၂ ဦး ထိန်းသိမ်းခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထရမ့်ထောက်ခံသူတွေက အဆောက်အဦးကို
ဝင်ရောက်စီးနင်းပြီးနောက် ဥပဒေပြုလွှတ်တော်က အမေရိကန်ရွေးကောက်ပွဲဟာတရားဝင်မှန်ကန်ကြောင်းအသိအမှတ်ပြုတဲ့ညီလာခံပြန်စ”

January 7, 2021

အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အဦးကို ဒေါသဖြစ်နေတဲ့ သမ္မတ ထရမ့်ကိုထောက်ခံသူများက ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက်
သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အဖွဲ့က
ဂျိုးဘိုင်ဒင်ကိုသမ္မတအဖြစ်ရွေးကောက်တင်
မြှောက်ပေးခဲ့တဲ့အောင်မြင်မှုကို အမေရိကန်
ဥပဒေပြုအမတ်များက ကြာသပတေးနေ့မနက်ပိုင်းမှာ အတည်ပြုပေးလိုက်ကြပါတယ်။ ကွန်ဂရက်လွှတ်တော်ကိုစီးနင်းခဲ့ကြသူတွေကထရမ့်အလံတွေကိုဝှေ့ယမ်းပြီး အဆောက်အဦထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။

ဥပဒေပြုအမတ်အချို့ကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ကြပြီးအခြားသူတွေကို နေရာမှာပုန်းခိုနေကြဖို့ပြောဆိုခဲ့ကြပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ရဲတပ်ဖွဲ့ရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရတဲ့အမျိုးသမီးတဦးအပါအဝင်လူ၄ဦးသေဆုံးခဲ့ပါတယ်။
*ထရမ့်ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ပြီး အဆောက်အဦထဲကိုဝင်ရောက်
စီးနင်းခဲ့ကာ အပြင်ဘက်နံရံတွေကိုကျော်တက်တာ ပြူတင်းတံခါးမှန်ချပ်တွေကို ရိုက်ခွဲတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။
အရာရှိများစွာဒါဏ်ရာရရှိသွားခဲ့ပြီး အနီးအနားမှာရှိတဲ့ အမေရိကန်ပြည်ထောင်စု
ပြည်နယ်တွေက အမျိုးသားအစောင့်တပ်ဖွဲ့တွေအကူအညီပေးဖို့ ရွှေ့ပြောင်းရောက်ရှိလာခဲ့ပါတယ်။
* ဒီစီရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုမှာ ၄ယောက်သေဆုံးသွားခဲ့တယ်လို့ပြောဆိုခဲ့ပြီး
အမျိုးသမီးတယောက်ဟာရဲတပ်ဖွဲ့ရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ပြီး ကျန်၃ယောက်ဟာ ဆေးရုံမှာအရေးပေါ်ကုသမှုခံယူနေစဉ်သေဆုံး
သွားခဲ့ရတာဖြစ်ပါတယ်။လူပေါင်း၅၀ကျော်အဖမ်းခံခဲ့ရပါတယ်။
*”အမေရိကကိုကယ်တင်ပါ”လို့ခေါ်ဆိုတဲ့
လူထုစုရုံးမှုမှာ ထရမ့်က ၂၀၂၀ရွေးကောက်ပွဲ
မှာသူရဲ့ရှုံးနိမ့်မှုကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူးလို့ လူအုပ်ကိုပြောဆိုခဲ့ပါတယ်။
*သူက ထောက်ခံသူတွေကို ဘိုင်ဒင်ရဲ့အောင်မြင်မှုကို ဆန့်ကျင်စိန်ခေါ်ဖို့
အခိုင်အမာကတိပြုထားတဲ့ ရီပတ်ဘလီကန်
ဥပဒေပြုအမတ်တွေကို ထောက်ခံဖို့ ဥပဒေပြု
လွှတ်တော်အဆောက်အဦမှာစုရုံးကြဖို့
တိုက်တွန်းပြောဆိုခဲ့ပါတယ်။
*ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံတော်TVကနေ ပုန်ကန်ထကြွမှုလို့တရားဝင်ထုတ်ပြန်ကြေညာဖို့ထရမ့်ကိုတောင်းဆိုလိုက်ပြီး၊ဒီအခင်းဖြစ်ပွါးမှုဟာ “ဂုဏ်သိက္ခာကျဆင်းစေ
တယ်”လို့ပြောဆိုလိုက်ပါတယ်။
*ထရမ့်ဟာနောက်ဆုံးမှာအသံသွင်းထားတဲ့
ဗီဒီယိုကတဆင့် ကြေညာချက်တခု ထုတ်ပြန်
ပေးခဲ့ရပြီး ရွေးကောက်ပွဲမှာသူမဲအခိုးခံရတယ်ဆိုတဲ့မမှန်ကန်တဲ့တင်ပြချက်ကိုထပ်မံပြောဆိုခဲ့ပေမဲ့
ထောက်ခံသူတွေကိုငြိမ်းချမ်းစွာနေထိုင်ဖို့
ပြောဆိုခဲ့ကြပါတယ်။နာရီပေါင်းများစွာကြာပြီးနောက်မှာ သူက
လူအုပ်ကို”အိမ်ပြန်ဖို့ “ပြောခဲ့ပြီးနောက်
“ခင်ဗျားတို့ကို ကျွန်တော်တို့ချစ်ပါတယ်။
ခင်ဗျားတို့ဟာတကယ်ထူးခြားပါတယ်။”လို့
ထပ်ပြောပါတယ်။
*Facebook,Twitter နဲ့ You Tubeတို့က သူ့တို့
ဆီမှာတင်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့
ထရမ့်ရဲ့မှားယွင်းတဲ့ဖော်ပြချက်ဗီဒီယိုတွေကို
ဖယ်ရှားပစ်ခဲ့ပါတယ်။
*Twitter က ထရမ့်ရဲ့ အကောင့် ကိုနောက်၁၂နာရီအထိပိတ်ဆို့ထားမယ်လို့ပြောဆိုခဲ့ပြီး ရာသက်ပန် အရေးယူပိတ်ပင်သွားမယ်လို့လည်း
ခြိမ်းခြောက်ခဲ့ပါတယ်။Facebookက ထရမ့်ရဲ့
အကောင့်ကို၂၄နာရီပိတ်ထားမယ်လို့ကြေညာခဲ့ပါတယ်။
*ဂျော်ဂျီယာ၊အိုဟိုင်းယိုး၊နယူးမက္ကဆီကို နဲ့
ကယ်လီဖိုနီးယားစတဲ့ပြည်နယ်တွေရဲ့ ဥပဒေ
ပြုလွှတ်တော်တွေရဲ့အပြင်ဘက်မှာလည်း
ထရမ့်ထောက်ခံသူတွေရဲ့ လှုံ့ဆော်မှုကြောင့်
အဓိကရုဏ်းတွေဖြစ်ပေါ်ခဲ့ပါတယ်။
လူအချို့ကိုဘေးကင်းရာဆီရွှေ့ပြောင်းပေးခဲ့ရပါတယ်။လုံးထွေးသတ်ပုတ်မှုအချို့ဖြစ်ပွါးခဲ့
ပေမဲ့စီတန်းလှည့်လည်မှုအတော်များများဟာ
ပမာဏသေးငယ်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူအနည်းငယ်သာ
ရှိခဲ့ပါတယ်။
*ဒီမိုကရက်တစ်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီက ဥပဒေပြုလွှတ်တော်အမတ်
တွေဆီပေးပို့ခဲ့တဲ့ E-mail တစောင်မှာ
“ဒီမိုကရေစီအပေါ်မှာ”ရှက်စရာကောင်းတဲ့
ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားမှု”
ကိုအမေရိကန်ပြည်ထောင်စုက ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရတာဖြစ်ပေမဲ့ ဒါဟာ ဂျိုးဘိုင်ဒင်ရွေးကောက်ခံရမှုကို တရား
ဝင်အတည်ပြုပေးဖို့ရာ ကျွန်မတို့ရဲ့တာဝန်ရှိမှုကိုတော့ ဘယ်လိုမှ
တားဆီးလို့ရမှာ မဟုတ်ပါဘူး။”လို့ နန်စီက
ရေးသားဖော်ပြခဲ့ပါတယ်။ဥပဒေပြုလွှတ်အမတ်တွေက လွှတ်တော်အဆောက်အအုံမှာ လုပ်ထုံးလုပ်လုပ်နည်းတွေကိုခေတ္တရပ်နားထားပြီးနောက် ပြန်လည်ပြီးစည်းဝေးကာ
ညရောက်တဲ့အထိလုပ်ငန်းတွေလုပ်ဆောင်ဖို့
စီစဥ်ဆောင်ရွက်ကြပါတယ်။
*ဆီးနိတ်လွှတ်တော်လူများစုခေါင်းဆောင်
မစ်ခ်ျမက်ကွန်းနယ် က “ဆီးနိတ်လွှတ်တော်ဟာ
သန်းခေါင်ယံကျော်လွန်ပြီးနောက်ကြာသပတေးနေ့မနက်ခင်းမှာ ပင်ဆယ်လ်ဘေးနီးယား
ပြည်နယ်မှာ ဂျိုးဘိုင်ဒင်က ၉၂မဲ-၇မဲနဲ့ အနိုင်
ရရှိထားမှုအပေါ် ရီပတ်ဘလစ်ကန်တွေရဲ့ကန့်ကွက်ချက်တွေကိုအလျှင်အမြန် ထူးထူးကဲကဲ ဖြိုဖျက်အနိုင်ယူပြီးတဲ့နောက်မှာ တခြားဘယ်ပြည်နယ်ရဲ့ဆန္ဒမဲတွေကမှ
ဂျိုးဘိုင်ဒင်ရဲ့အနိုင်ရမှုကိုစိန်ခေါ်နိုင်မှာ
မဟုတ်တော့ဘူးလို့ကျွန်တော်ယုံကြည်တယ်လို့
ပြောဆိုခဲ့ပါတယ်။

Ref: Americas LIVE BLOG


Spread the love
  •  
  •  
  •  
  •  
  •  
  •