ဂျိုးဘိုင်ဒန်သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် အမေရိကန်တစ်ဝန်းမှာ ၎င်းကိုထောက်ခံသူများ အောင်ပွဲခံနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂျိုးဘိုင်ဒန်သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက်

အမေရိကန်တစ်ဝန်းမှာ ၎င်းကိုထောက်ခံသူများ အောင်ပွဲခံနေ

၂၀၂၀အမေရိကန်သမ္မတရွေးကောက်ပွဲကတော့ ရလဒ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ဒန်နဲ့ ဟားရစ်က ထရမ့်ပ်နဲ့ မိုက်ပန့်စ်ကို အနိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဘိုင်ဒန်အနေနဲ့ကလည်း အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဟားရစ်အနေနဲ့ကလည်း အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတလည်း ဖြစ်လာခဲ့ပါတယ်။

လမ်းတွေပေါ်မှာ ကားတွေနဲ့လှည့် ရင်ပြင်လိုနေရာမှာ လူတွေစုပြီး အော်ဟစ်ပျော်မြူးနေကြပါတယ်။ ဘိုင်ဒန်ရဲ့ရွေးကောက်ပွဲမတိုင်ခင် ပေးခဲ့တဲ့ကတိတွေကတော့ မကြာခင်မှာပဲ အကောင်အထည်ဖော်ရတော့မှာပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ကတော့ လက်ရှိအမေရိကန်ပြည်သူတွေ စိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွက် ကောင်းမွန်တဲ့အစီအမံများကို ဦးဆုံးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒယ်လာဝဲက ဝယ်လ်မင်တန်မှာ အောင်ပွဲရမိန့်ခွန်းပြောကြားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Source – AFP


Spread the love
  •  
  •  
  •  
  •  
  •  
  •