စက်တင်ဘာလ ၂၁ရက်နေ့ မှာ ဖွင့်ရမဲ့ လုပ်ငန်းတွေ ၊ ပိတ်ရမယ့်လုပ်ငန်းတွေတွေကို လူတိုင်း နားလည်တဲ့နည်းနဲ့အရှင်းဆုံး ပြန်ရေးထားပါတယ်။
ပိတ်ရမဲ့လုပ်ငန်းများ
=============
(ဝန်ဆောင်မှု Companyတွေ ဖက်ရှင်လုပ်ငန်းတွေ ကျောက်မျက်ရတနာ လုပ်ငန်းတွေ သွင်းကုန်ထုတ်ကုန်Trading Company)
( ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ကွက်ထဲက ကန်ထရိုက်တွေကအစ ပါပါတယ်)
(NGO တွေ INGO တွေ ပါပါတယ် ။ ပရဟိတ အဖွဲ့အစည်းတွေ မပါပါဘူး။)
အလှကုန် ပစ္စည်း ပရိဘောဂလုပ်ငန်းCompanyတွေ
အာမခံ Company တွေ
အထည်ချုပ် စက်ရုံ အပါအဝင် CMPစနစ်နဲ့လုပ်တဲ့စက်ရုံတွေအကုန်(24 ရက်နေ့မှစပိတ်မယ်)
ဖွင့်နိုင်တဲ့လုပ်ငန်းတွေ
==============
ဘဏ် တွေ(အစိုးရ ပုပ္ပလိဂ ဘဏ်တွေအကုန်)
ငွေကြေး ဝန်ဆောင်မှု(Wave Money KBZ Pay True Moneyလို လုပ်ငန်းတွေ)
ဆက်သွယ်ရေး လုပ်ငန်းတွေ( အင်တာနက် Wifi Company တွေ ဖုန်းအော်ပရေတာတွေ)
YBS တွေ (အုံနာလိုင်းတချို့တော့အစီးရေ လျှော့ပါမယ်).
စားသောက်ကုန် ထုတ်တဲ့ စက် ရုံတွေ Company တွေ
ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးတဲ့ Company တွေ
ရေသန့် စက်ရုံတွေ
တကိုယ်ရည်သုံးပစ္စည်း လုပ်ငန်းတွေ( လက်ဆေး ရည် ဆပ်ပြာ အမျိုးသမီးလစဥ်သုံးပစ္စည်း စက်ရုံ)
Delivery လုပ်ငန်းတွေ (Food Panda: Grab Food,Food Mall စတဲ့ လုပ်ငန်းတွေအပြင် တခြားOnline Shopping Deliveryတွေ အမြန်ချောပို့လုပ်ငန်း စာတိုက်လုပ်ငန်း ).
Taxi တွေ ဆွဲနိုင်ပါတယ်
အပေါ်က ပြောထားတဲ့ မဖွင့်ရ မဲ့လုပ်ငန်းတွေကို လုပ်ငန်းရှင်များက ဖွင့်မယ် ဆိုရင်-
ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန Hotline Phone
09756341601, 09756341602 ကိုဆက်သွယ် တိုင် ကြားပါ။