စင်ကာပူနိုင်ငံက ခေါက်ဆွဲဖတ်လိုပျော့တဲ့အမှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အသက် 23 နှစ်အရွယ်ရှိ ဆေးခန်းလာပြသူ မိန်းကလေးအား မုဒိန်းကျင့်မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာ ဝီတရုန်ဘူးကိစ္စမှာ ဒေါက်တာဝီကို အယူခံတရားရုံးက ကွင်းလုံးလွှတ်ကျွတ်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ဒီအမှုကို ယဉ်ယဉ်လေးနဲ့ ဇာတ်ဆန်ဆန်ရှင်းပြရရင် ပြဿနာဖြစ်ပုံက နိလိနိကာမင်းသမီးဝံကိုက်နာကုလိုမှုမျိုးပါ။

၅၅၀ ဇာတ်ထဲမှာတော့ နိလိနိကာမင်းသမီးက ဣသိသိင်္ဂရသေ့လေးကို ဝံကိုက်နာပြပြီး ဈာန်လျောအောင်လုပ်တယ်ပေါ့။

အခုကိစ္စမှာ ညဉ့်ကြီးမိုးချုပ် အသက် 65 နှစ်ရှိ ဒေါက်တာဝီဆီကို အသက် 23 နှစ်အရွယ် ကောင်မလေးက ဝံကိုက်နာကယားလို့ဆိုပြီး လာပြပါတယ်တဲ့။

ဒီလိုဝံကိုက်နာလာပြရင် ကျင့်ဝတ်အရ အနားမှာ အမျိုးသမီးအဖော်တစ်ယောက်နဲ့ အတူစမ်းသပ်စစ်ဆေးပေးသင့်ပါတယ်။

အခုတော့ ဒေါက်တာဝီက လက်အိတ်လည်းမသုံးပဲ အကြာကြီးတစ်ယောက်တည်း စမ်းသပ်တယ်လို့ ဆိုပါတယ်။

အပြင်မှာ ဆေးခန်းဝန်ထမ်းအမျိုးသမီးတွေရှိပေမယ့် မခေါ်ပဲ တစ်ယောက်တည်း စမ်းသပ်ပါတယ်တဲ့။

ပြီးတော့ဘောင်းဘီဇစ်ဆွဲဖွင့်သံကြားပြီး သူ့ကိုမုဒိန်းကျင့်ပါတယ်တဲ့။

တရားရုံးမှာ ဆွဲချရှေ့နေက ထောင်ဒဏ် 12 နှစ်နဲ့ 9 လ ချဖို့ တောင်းဆိုပါတယ်။

ဒေါက်တာဝီကလည်း ရှေ့နေ 3 ယောက်ငှားပြီးခုခံချေပပါတယ်။

ရှေ့နေတွေထက် ဒေါက်တာဝီကို ဝင်ကယ်တာက သူ့ရဲ့မိန်းမက သက်သေအဖြစ်ထွက်ဆိုပေးတာပါ။

တရားသူကြီးမင်းရှင့်တဲ့….. ကျမယောက်ျားအကြောင်း ကျမပဲသိပါတယ်တဲ့။ ကျမယောက်ျားက ခေါက်ဆွဲဖတ်လိုပျော့နေတာ ဘယ်လိုမုဒိန်းကျင့်လို့ရမှာလဲတဲ့။

#ဤတွင်ကွင်းလုံးကျွတ်လွတ်လေသတည်းပေါ့။

ခေါက်ဆွဲဖတ် soft like noodle ဆိုတဲ့စကားကိုလည်း မီဒီယာတွေမှာ အတော်တွင်ကျယ်သွားပါတယ်။

တရားရုံးမှာ သက်သေအဖြစ်ဝင်ကယ်ပေမယ့် အိမ်မှာတော့ ဗိုက်ခေါက်လိမ်ဆွဲသလား မပြောတတ်ပါ။

အစက အောက်ရုံးက မိန်းကလေးကို လက်သရမ်းမှုနဲ့ အပြစ်ဒဏ်ချပါတယ်။

အခုအယူခံရုံးကျမှ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာပါ။ အစကတည်းက လက်သရမ်းမှုဆိုရင် လက်သရမ်းမှုနဲ့ စွဲပါတဲ့။

မုဒိန်းမှုနဲ့ စွပ်စွဲလို့ မရိုးသားမှုကို ပေါ်လွင်စေပါသတဲ့။ တရားသူကြီးတွေက ခေါက်ဆွဲဖတ်ကိစ္စကို လက်ခံကြပုံ ပေါ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •