စင်ကာပူနိုင်ငံတွင် Covid-19 တတိယလှိုင်း စတင် ရင်ဆိုင်နေရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စင်ကာပူနိုင်ငံတွင် Covid-19 တတိယလှိုင်း စတင် ရင်ဆိုင်နေရ

စင်ကာပူ၊ ဇူလိုင် ၃၀

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် လအတွင်းက ပြည်ပဝင်ရောက် ကူးစက်မှု အတည်ပြု လူနာ ၁၀၀ ကျော် ရှိခဲ့ပြီး ထိုအထဲတွင် အိန္ဒိယနိုင်ငံမှ ဝင်ရောက် ကူးစက်မှုမှာ ထက်ဝက်ကျော် အထိ ရှိခဲ့သည်။

ယခုအချိန်တွင် စင်ကာပူနိုင်ငံသည် Covid-19 ဖြစ်ပွားမှု တတိယလှိုင်းကို စတင် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သတင်းမီဒီယာများက ရေးသား ဖေါ်ပြကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ တစ်ရက်တည်းတွင် Covid-19 အတည်ပြုလူနာ ၆၈၈ ဉီးအထိ ရှိခဲ့သည်။

ကမ္ဘာနှင့်အဝှမ်း ခရီးသွား ကန့်သတ်ချက်များ တင်းကျပ်မှုကြောင့် ပြည်ပမှ ဝင်ရောက်ကူးစက်ခြင်းမှာ ယခင်က မရှိသလောက် ကျဆင်းသွားခဲ့သည်။

ထပ်မံ တွေ့ရှိရသည့် အတည်ပြုလူနာ ၁၀၆ ဦးမှာ နိုင်ငံပေါင်း ကိုးနိုင်ငံမှ ဝင်ရောက်သည့် ကူးစက်မှု ဖြစ်ပြီး ထက်ဝက်ကျော် ဖြစ်သော အတည်ပြုလူနာ ၆၂ ဦးမှာ အိန္ဒိယနိုင်ငံမှ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် Covid-19 ကူးစက်မှုနှုန်း လျင်မြန်စွာ မြင့်တက်နေပြီး အတည်ပြုလူနာ ၁.၅ သန်းကျော်နှင့် သေဆုံးသူ ဉီးရေ ၃၅၀၀၀ အထိ ရှိနေပြီ ဖြစ်သည်။

ပြည်ပ ကူးစက်မှု အတည်ပြုလူနာ ၂၃ ဦးမှာ ဖိလစ်ပိုင်နိုင်ငံမှ ဖြစ်ပြီး အခြား လူနာများမှာ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အမေရိကန် စသော နိုင်ငံများမှ ဖြစ်သည်။

ယင်းတို့ အထဲမှ ၂၇ ဦးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပြီး ၂၃ ဦးမှာ စင်ကာပူ လူမျိုးများ ဖြစ်သည်။

လတ်တလောတွင် စင်ကာပူ နိုင်ငံသို့ လာရောက်ကြသူများ အနေဖြင့် နေအိမ်တွင်း နေထိုင်ကြောင်း (Stay Home Notice) အထောက်အထားဖြင့် ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး ၎င်းတို့သည် ယင်းသို့ နေထိုင်သည့်ကာလ မကုန်ဆုံးမီ ရက်အနည်းငယ်တွင် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးကြရမည် ဖြစ်သည်။

Photo : Straits Times

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •