စင်ကာပူမှာ ဒီနေ့ COVID-19 နဲ့ ပထမဦးဆုံး 2 ယောက်သေဆုံးသွားပါပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇸🇬 စင်ကာပူမှာ ဒီနေ့ COVID-19 နဲ့ ပထမဦးဆုံး 2 ယောက်သေဆုံးသွားပါပြီ။

ပထမတယောက်က စင်ကာပူနိုင်ငံသား အမျိုးသမီးကြီး အသက် 75 အရွယ်ဖြစ်ပြီး February 23 ရက်နေ့ကတည်းက အဆုတ်အအေးမိနဲ့ ဆေးရုံတက်တာဖြစ်ပါတယ်။

​ဆေးရုံစတက်ကတည်းက ICU ထဲမှာထားခဲ့ရပြီး အစွမ်းကုန်ကုသနေရတဲ့ လူနာဖြစ်ပါတယ်။ ဒီနေ့မနက် 7:52 မှာ ဆုံးပါးသွားပါတယ်။

နောက်တယောက်ကတော့ အင်ဒိုနီးရှားက အသက် 63 နှစ်ရှိ အမျိုးသားပါ။ March 13 ရက်နေ့က လာခဲ့တဲ့သူပါ။ ရောက်တဲ့နေ့ကတည်းက ဆေးရုံတက်ခဲ့တာပါ။

သူတို့တွေသိသိနဲ့ အသက်မီဖို့ စင်ကာပူလာတယ်လို့ သတင်းတွေထွက်ခဲ့ပြီး အစိုးရက အာဆီယံနိုင်ငံအားလုံးကို ဝင်ခွင့်တင်းကျပ်ခဲ့ရပါတယ်။

သူလည်း ရောက်ကတည်းက ICU မှာနေခဲ့ရပြီး ဒီမနက် 10:15 မှာ သေဆုံးသွားပါတယ်။ သူဟာ စင်ကာပူကို မလာခင်ကတည်းက အင်ဒိုနီးရှားမှာ အဆုတ်ရောင်နဲ့ ဆေးရုံတက်ခဲ့တာပါ။

အခု ICU ထဲမှာ 16 ယောက် အသည်းအသန် အသက်လုနေရဆဲပါ။

ဘာပဲဖြစ်ဖြစ် အားလုံးညီညွတ်စွာနဲ့ ဒီတိုက်ပွဲကို Together One အတူတူ ကြံ့ကြံ့ခံဆက်တိုက်ကြပါစို့။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •