စင်ကာပူ ရွေးကောက်ပွဲတွင် အာဏာရ PAP ပါတီသည် အနိုင်ရရှိခဲ့သော်လည်း ယခင်ထက် ထောက်ခံမှု ကျဆင်းခဲ့
စင်ကာပူ၊ ဇူလိုင် ၁၁
စင်္ကာပူ၏ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) သည် သောကြာနေ့ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာ ဆက်လက် တည်မြဲနေသော်လည်း နောက်ဆုံး ရလဒ်များက ထောက်ခံမှုမှာ ယခင်ထက် သိသာစွာ ကျဆင်းသွားကြောင်း စစ်တမ်းများတွင် ဖေါ်ပြကြသည်။
၁၉၆၅ ခုနှစ် ကတည်းက အာဏာရ PAP သည် လွှတ်တော်အမတ် ၉၃ နေရာ အနက် ၈၃ နေရာတွင် ရရှိခဲ့ပြီး ၆၁.၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
အတိုက်အခံ အလုပ်သမားပါတီမှ ၁၀ နေရာ အနိုင်ရရှိခဲ့ပြီး ၎င်း၏ အကောင်းဆုံးရလဒ် ဖြစ်ကြောင်း သတင်းဌာနများက ရေးသားကြသည်။
ယခု ရွေးကောက်ပွဲသည် အစိုးရ၏ ကိုရိုနာ ဗိုင်းရပ်စ် ကိုင်တွယ်မှုအပေါ် ပြည်သူလူထု၏ ဆန္ဒခံယူပွဲ အဖြစ် ကျယ်ပြန့်စွာ ရှုမြင်ခဲ့သည်။
ကျန်းမာရေး လုံခြုံမှုရှိရန် လုပ်ဆောင်ထားသည့် မဲရုံများသို့ မဲဆန္ဒရှင်များက လက်အိတ်များနှင့် မျက်နှာဖုံးများ ၀တ်ဆင်ကာ လာရောက် မဲပေးခဲ့ကြသည်။
စင်ကာပူနိုင်ငံသည် အာရှ-ပစိဖိတ် ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးသော နိုင်ငံများအနက် တစ်ခုအပါအ၀င် ဖြစ်ပြီး အတည်ပြုလူနာ ၄၅၀၀၀ ကျော် ရောဂါ ကူးစက် ခံခဲ့ရသည်။
PAP ပါတီ၏ အောင်ပွဲသည် လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်းအား နောက်ထပ် ရာထူးသက်တမ်း တိုးပေးခဲ့ပြီး တိုင်းပြည် တည်ထောင်သူနှင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဖခင် လီကွမ်ယူ၏ သားဖြစ်သူ မစ္စတာလီသည် ၂၀၀၄ ခုနှစ် ကတည်းက စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး လာမည့် သက်တမ်းသည် ၄င်း၏ နောက်ဆုံး သက်တမ်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Photo : Reuters
#Peacock #ရွေးကောက်ပွဲ