စစ်ကိုင်း-မန္တလေးလမ်း တာရိုးကျိုးပေါက်သည့်နေရာ ပြင်ဆင်မှု ဒုသမ္မတ ဆက်လက်ကွပ်ကဲနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်ကိုင်း-မန္တလေးလမ်း တာရိုးကျိုးပေါက်သည့်နေရာ
ပြင်ဆင်မှု ဒုသမ္မတ ဆက်လက်ကွပ်ကဲနေ

၂၁.၇.၂၀၂၀ ရက်နေ့၊ ၀၉:၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရ မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ရေဆိုးထုတ်မြောင်း ကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသောနေရာတွင် မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၄၀)ဦးမှ တာရိုးဖို့ခြင်းလုပ်ငန်းများဆောင်ရွက်နေပါတယ်။

အဲဒီ ဆောင်ရွက်မှုများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တို့မှလာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •