“စစ်တန်းလျားများပေါ်မြေပြိုကျပြီး စစ်သည်၂၂ဦးပျောက်ဆုံးနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မြေပြိုမှုများကြောင့် စစ်တန်းလျားများကိုထိခိုက်၊စစ်သည်၂၂ဦးပျောက်ဆုံးနေ”

October 18,2020, ဗီယက်နမ်

“ဗီယက်နမ် အလယ်ပိုင်းပြည်နယ်
ကွာအန် ထရိုင်မှာ တနင်္ဂနွေနေ့ အစောပိုင်းက
မြေပြိုမှုတခုဖြစ်ပွါးခဲ့ပြီး အနည်းဆုံး စစ်သည်
၂၂ယောက်ပျောက်ဆုံးနေပါတယ်။” လို့ အစိုးရ ကပြောပါတယ်။ဒီအရှေ့တောင်အာရှတိုင်းပြည်ဟာ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး ရေလျှံမှုတွေကို ရင်ဆိုင် တိုက်ခိုက် နေရပါတယ်။
အောက်တိုဘာလအစောပိုင်းကတည်းက
မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဗီယက်နမ် အလယ်ပိုင်းပြည်နယ်တွေမှာ
ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး၊ ရွှံ့နွံတွေ
ပြိုကျမှုကြောင့် အနည်းဆုံးလူ၆၄ယောက်
သေဆုံးခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်ရက်အနည်းငယ်ကျော်ကြာတဲ့အထိ မိုးသည်းထန်စွာရွာအုန်းမယ်လို့ မျှော်လင့်ထားပါတယ်။

မြေပြိုမှုတွေကြောင့် ဗီယက်နမ် အမှတ် ၄ စစ်ဒေသရဲ့ တပ်ရင်းတခုက စစ်တန်းလျားတွေကို ထိခိုက်ခဲ့တယ် လို့ အစိုးရ
က Websiteမှာတင်ထားတဲ့သတင်း
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အနီးအနားစီရင်စုတခုဖြစ်တဲ့ သူအာသီယန်ဟူး မှာ နောက်ထပ်မြေပြိုမှုတခု
ဖြစ်ပွါးပြီးခဲ့တဲ့နောက် ရက်တွေမှာ အနည်းဆုံး
လူ၁၃ယောက်သေဆုံးခဲ့ပြီး၊အများစုဟာ
စစ်သားတွေဖြစ်ကြပါတယ်။
“ကျွန်တော်တို့ အတွက်နောက်ထပ်
အိပ်မရတဲ့ည ဖြစ်ခဲ့ရတယ်”လို့ သိသိသာသာစိတ်လှုပ်ရှားနေတဲ့ ဗီယက်နမ်
ဒုတိယ ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂီအန် က
​သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ
ပြောပါတယ်။
ပြည်နယ်သတင်းဌာနက သတင်းတွေ
ဖော်ပြထားတာမှာ တနင်္ဂနေ့က ကွာအန်ထရိုင်
ပြည်နယ်မှာ ရှိတဲ့မြစ်တွေရဲ့ ရေပြင်ဟာ နှစ်ပေါင်း၂၀ ကျော်အတွင်းမှာ အမြင့်ဆုံးအနေအထားအထိမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။
သူအာသီယန်ဟူးပြည်နယ်မှာ ကယ်ဆယ်ရေးသမားတွေဟာ အရှိန်အဟုန်ပြင်းစွာ ရွာသွန်းနေတဲ့မိုးနဲ့ ရင်ဆိုင်
တိုက်ပွဲဝင်နေရပြီး၊ဒီအပတ်အစက တောင်တန်းဒေသတခုမှာဖြစ်ပွါးခဲ့တဲ့မြေပြိုမှု
ဖြစ်ပွါးခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့
ဆောက်လုပ်ရေးအလုပ်သမား အနည်းဆုံး၁၅ယောက်လောက်ကို ရှာဖွေနေကြပြီး၊ သေဆုံးပြီးလောက်ပြီလို့စိုးရိမ်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့အထိတိုင်အောင်သည်းထန်စွာရွာသွန်းနေတဲ့မိုးဟာ၆၀၀မီလီမီတာအထိဆက်လက်တည်ရှိနေမယ်လို့ ဗီယက်နမ်မိုးလေဝသဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။
Ref:FRANCE-24(Reuters)


Spread the love
  •  
  •  
  •  
  •  
  •  
  •