စစ်တွေ ဆေးရုံက ကိုဗစ်လူနာ အယောက်၆၀ ရောဂါပျောက်၍ ယနေ့ဆေးရုံကဆင်း
ယနေ့အထိ ၇၄ဦး ရောဂါပျောက်၍ ဆေးရုံကဆင်းသွားပြီဖြစ်ပါတယ်။
စစ်တွေ ဆေးရုံရောက် ကိုဗစ်လူနာများထဲမှ အယောက်၆၀ ရောဂါပျောက်၍ ယနေ့ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာစိုင်းဝင်းဇော်လှိုင်က Myanmar Harp ကို ပြောသည်။
လက်ရှိဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် တက်ရောက်ကုသမှုခံယူနေရသူ အယောက် ၂၀၀ကျော်သာ ရှိတော့ကြောင်းလည်း ၎င်းကပြောသည်။
စက်တင်ဘာလ ၅ ရက်က ၁၀ ဦး၊ စက်တင်ဘာလ ၆ရက်က ၄ဦး၊ယခု စက်တင်ဘာလ ၈ရက်နေ့က အယောက် ၆၀ ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ ယခုရက်ထဲ ရောဂါပျောက်ကင်းသွား၍ စစ်တွေ ဆေးရုံမှ ဆင်းခွင့်ရသွားသူ ၇၄ဦးအထိ ရှိသွားပြီဖြစ်သည်။
ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာစိုင်းဝင်းဇော်လှိုင်က ယခုဆေးရုံက ဆင်းခွင့်ရရှိသွားသူတို့မှာ နေအိမ်တွင် ၂ပါတ် ကွာရန်တင်းဝင်ကြရနည်ဟု ဆိုသည်။
Credit – Myanmar Harp