စစ်တွေဆေးရုံမှာ အောက်ဆီဂျင်စက်သစ်ဖြင့် နေ့စဥ် (၅၀) လီတာဆံ့ Cylinder အလုံး (၉၀)ခန့် ထုတ်လုပ်အသုံးပြုနိုပြီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
စစ်တွေ၊ အောက်တိုဘာ (၁)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၌ ( ၂၄) နာရီ လည်ပတ်ပါက (၅၀) လီတာဆံ့ အောက်ဆီဂျင် (Cylinder) အိုး အလုံး (၉၀)ခန့် ထုတ်လုပ်ပေးနိုင်သည့် Oxygen Generator စက်အသစ် တစ်လုံးအား စက်တင်ဘာ (၂၁) ရက်နေ့မှ စတင် အသုံးပြုလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စစ်တွေဆေးရုံကြီး၌ နေ့စဉ် (၅၀) လီတာဆံ့ အောက်ဆီဂျင် (cylinder) အိုး အလုံး (၄၀) မှ (၅၀) အထိ သုံးစွဲလျက်ရှိရာ ယခင်စက် နှစ်လုံးအပါအဝင် ယခု စက်အသစ် အသုံးပြုပြီး အောက်ဆီဂျင်အိုး အများအပြား ထုတ်လုပ်လာနိုင်သဖြင့် COVID- 19 နှင့် ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
#စစ်တွေသတင်းဌာနခွဲ
#MRTV