စစ်တွေဆေးရုံတွင်ကုသမှုခံယူနေသည့် ကိုဗစ်လူနာများထဲမှ ၁၀ဦး ရောဂါပျောက်ကင်းသွား၍ ဆေးရုံမှဆင်းရပြီ
စစ်တွေ၊စက်တင်ဘာ ၅ရက်
ရခိုင်ပြည်နယ် စစ်တွေဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်လူနာများထဲမှ ပထမဦးဆုံးအနေဖြင့် ၁၀ဦးမှာ ရောဂါပျောက်ကင်းသွား၍ ဆေးရုံမှယနေ့ဆင်းရပြီဖြစ်ပါတယ်။
စစ်တွေ ဆေးရုံက အခမ်းအနားပြုလုပ်ပြီး ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်က ဆေးရုံဆင်းသူများအတွက် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့သည့်အပြင် ဆေးရုံဝန်ထမ်းများကလည်း ကိုဗစ်ကူးစက်ခံလူနာအားလုံးအမြန်ဆုံးသက်သာပျောက်ကင်းစေရန် ဆုမွန်ကောင်းတောင်းပေးခြင်းများပြုလုပ်ခဲ့ကြပြီးနောက် ရောဂါပျောက်ကင်းသွားသူ ၁၀ဦးကို ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပါတယ်။
Credit – Hla Tin Yee Oo