စစ်တွေမှ Covid-19ပြည်တွင်းကူးစက်မှုနဲ့ ဆက်စပ်ပြီးမြောက်ဥက္ကလာပနေ (၁၅)ဦးအား ကွာရန်တင်းဝင် ရန်ခေါ်ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြောက်ဥက္ကလာပနေ (၁၅)ဦးအား ကွာရန်တင်းဝင် ရန်ခေါ်ဆောင်

ရခိုင်ပြည်နယ် စစ်တွေမှ Covid-19ပြည်တွင်းကူးစက်မှု နဲ့ ဆက်စပ်ပြီး ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ် ၊ ညရပ်ကွက် ၊ ခေမာကျောင်းလမ်းနေ (၁၅)ဦးအား ကွာရန်တင်းဝင်ဖို့ ဩဂုတ်လ (၂၀) ရက်နေ့ည (၁၂)နာရီဝန်းကျင်က လာရောက် ခေါ်ဆောင် သွားတယ်လို့သိရပါတယ်။

 

စစ်တွေမြို့မှ အတည်ပြုလူနာ Case-378 အသက်(၅၀)အရွယ်အမျိုးသမီး နှင့်ဆက်စပ်ပြီးအခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အဆိုပါ ရပ်ကွက်တွင်းနေထိုင်သူတွေကပြောပါတယ်။

 

ကျန်းမာရေးဌာနက ကွာရန်တင်းဝင်ဖို့ လာရောက် ခေါ်ဆောင်တဲ့ နေအိမ်ဟာ အဆောင်သဘောမျိုးဖြစ်ပြီး အထည်ချုပ်ဝန်ထမ်းတွေဖြစ်ကာစုစုပေါင်းအမျိုးသား(၁)ဦး ၊ အမျိုးသမီး(၁၄)ဦးကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

photo – Chaw Su Aung\
WaiLuKyawFoundation

#BoxLocal
#Case375


Spread the love
  •  
  •  
  •  
  •  
  •  
  •