စစ်တွေရှိ COVID-19 အတည်ပြုလူနာများမှစက်တင်ဘာလ (၁၂) ရက်တွင် (၈) ဦးဆေး ရုံမှဆင်းဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၁၇၁) ဦး ရှိပြီ 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

စစ်တွေရှိ COVID-19 အတည်ပြုလူနာများမှစက်တင်ဘာလ (၁၂) ရက်တွင် (၈) ဦးဆေး ရုံမှဆင်းဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၁၇၁) ဦး ရှိပြီ

 

စစ်တွေ၊ စက်တင်ဘာ (၁၂)

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 အတည်ပြုလူနာများမှ စက်တင်ဘာ(၁၂)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၈)ဦး ရှိကြောင်း သိရသည်။

စစ်တွေမြို့ရှိ အတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ပြုသည့် အရေအတွက်မှာ စက်တင်ဘာ (၅)ရက်တွင် (၁၀)ဦး၊ စက်တင်ဘာ (၆)ရက်တွင် (၃)ဦး၊ စက်တင်ဘာ (၈)ရက်တွင် (၆၄)ဦး၊ စက်တင်ဘာ (၉)ရက်တွင် (၃၃)ဦး၊ စက်တင်ဘာ (၁၀)ရက်တွင် (၁၈)ဦး၊ စက်တင်ဘာ (၁၁)ရက်နေ့တွင် (၃၅)ဦး၊ စက်တင်ဘာ (၁၂)ရက်နေ့တွင် (၈)ဦး ရှိပြီဖြစ်၍၊ စစ်တွေမြို့အနေဖြင့် စက်တင်ဘာ (၁၂)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်းမှာ (၁၇၁) ဦး ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအနေအထားအရ စစ်တွေမြို့ ပြည်သူ့ဆေးရုံ၊ စစ်တွေသူနာပြုသင်တန်းကျောင်းနှင့် စစ်တွေ တိုင်းရင်းဆေးရုံတို့တွင် စက်တင်ဘာ (၁၂)ရက်အထိ တက်ရောက် ဆေးကုသမှု ခံယူနေသော ဓာတ်ခွဲအတည်ပြုလူနာ (၂၁၂)ဦး ရှိပြီး၊ အများစုမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အတည်ပြုလူနာတစ်ဦးသာ အထူးကြပ်မတ်ဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရသော်လည်း အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 


ဆေးရုံဆင်းခွင့်ရရှိသည့် အတည်ပြုလူနာများမှာ COVID-19 ရောဂါပိုး ထပ်မံ မတွေ့ရှိသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ကြပြီး၊ ဆေးရုံဆင်းပြီးနောက်တွင်လည်း၊ မိမိနေအိမ်၌ (၇ )ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူများကို တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်ပေးအပ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို တိကျစွာ လိုက်နာကြရန် မှာကြားကြောင်းသိရသည်။ ယခုလို ဆေးရုံဆင်းခွင့်ရရှိသူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့က နေအိမ်အသီးသီးသို့ ပို့ဆောင်ပေးကြကြောင်း သိရှိရသည်။

#စစ်တွေသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •