စစ်တွေ၌ (COVID-19) ရောဂါပိုး စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် တပ်မတော်မှ Pockit Central Nucleic Acid Analyzer စက်ပို့ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်တွေ၌ (COVID-19) ရောဂါပိုး စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် တပ်မတော်မှ Pockit Central Nucleic Acid Analyzer စက်ပို့ဆောင်

နေပြည်တော်၊ ဩဂုတ် – ၂၂

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသည့်
<span;>ဆေးအထောက်အကူပစ္စည်းများအား စစ်တွေမြို့သို့ ပေးပို့လှူဒါန်းသည့်သတင်းအား ဩဂုတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

အဆိုပါ ပေးပို့သည့်ပစ္စည်းများတွင် Pockit Central Nucleic Acid Analyzer စက်ပါ တစ်ပါတည်းပါရှိသွားကြောင်း၊ ၎င်းစက်သည် Reagents များအသုံးပြုကာ RT- PCR သဘောတရားအတိုင်း SARS-CoV-2  ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအား ရှာဖွေသော စက်ဖြစ်ပြီး စစ်ဆေးကြိမ် တစ်ကြိမ်လျှင် တစ်နာရီခန့်ကြာမြင့်ကာ တစ်ကြိမ်လျှင် အများဆုံး ၇ ဦး စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ဝေးကွာခက်ခဲခြင်း၊ သွားလာမှုအချိန်၊ လူ၊ နေရာ၊ ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည့်အတွက် တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ စစ်တွေမြို့သို့ ယခုကဲ့သို့ ပို့ဆောင်ခြင်းဖြစ်ပြီး စစ်တွေမြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ထားရှိကာ အဆိုပါစက်ဖြင့် COVID-19 ရောဂါပိုးအတည်ပြု စမ်းသပ်စစ်ဆေးမှုများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/319

Source – တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •