စစ်တွေ အထက(၂)က ဆယ်တန်းကျောင်းသူတစ်ဦးမှာ COVID-19 ပိုးတွေ့ရှိ.

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်တွေ အထက(၂)က ဆယ်တန်းကျောင်းသူတစ်ဦးမှာ COVID-19 ပိုးတွေ့ရှိ။

<span;>စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တယ်လို့ သိရှိရပါတယ်။

အ.ထ.က(၂) စစ်တွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ အဲဒီကျောင်းသူဟာ ပြည်တွင်းကူးစက်မှုကို ခံလိုက်ရတဲ့ လူနာတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။

စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပေမယ့် လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်
ဆေးမှာဖြစ်ပါတယ်။

 ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေတယ်လို့သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •