စစ်ရာဇဝတ်မှုသည် ယခုခေတ်မှာပြေးမလွတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်ရာဇဝတ်မှုသည်ယခုခေတ်မှာပြေးမလွတ်။

 

အသက် ၉၅ နှစ်ရှိ Friedrich Karl Berger ဖီးဒရစ်ကားဘာဂါဟာ လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က နာဇီအကျဉ်းစခန်းအစောင့်လုပ်ခဲ့မှုနဲ့ အရေးယူခံရတော့မှာဖြစ်ပါတယ်။

သူဟာ ၁၉၄၅ ခုနှစ်တုန်းက နာဇီတို့ရဲ့ Neuengamme concentration camp system မှာ လက်နက်ကိုင်အကျဉ်းစခန်းစောင့်လုပ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက အခုခေတ်လိုဓာတ်ပုံ၊ ဗီဒီယိုသက်သေဆိုတာအလွန့်အလွန်ရှားပါတယ်။

စစ်ကြီးအပြီးမှာ နာဇီစစ်မှုထမ်းအချို့ဟာ ပြည်ပကိုပြောင်းရွှေ့အခြေစိုက်သူတွေနဲ့အတူ ခြေရာဖျောက်ပြေးကြပါတယ်။

ဖီးဒရစ်ကားဘာဂါဟာ ၁၉၅၉ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာခြေရာဖျောက်နေခဲ့ပါတယ်။

#ဒါပေမယ့်အတိတ်ကစစ်ရာဇဝတ်ကြွေးကပြေးမလွတ်ပါ။

၁၉၄၅ ခုနှစ်မှာ ဖီးဒရစ်ကားဘာဂါဟာ အကျဉ်းသား ၇၀ လောက်သေစေခဲ့တဲ့အကျဉ်းထောင်မှာ စစ်ရာဇဝတ်ကောင်တွေကို ပါဝင်ကူညီပတ်သက်သူဖြစ်နေပါတယ်။

သို့သော် ၁၉၄၅ ကသက်သေတွေကို ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။

In an interview last year with The Washington Post, he expressed disbelief at the possibility he might be deported, saying he was only 19 years old while serving at Meppen, was unarmed, and was following orders.

မနှစ်က ဝါရှင်တန်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာသူက သူ့ကိုဂျာမနီပြန်ပို့ပြီးတရားစွဲမယ်လို့ မထင်ဘူးလို့ဆိုပါတယ်။

သူကအဲ့ဒီတုန်းကအသက် ၁၉ နှစ်ပဲရှိသေးပြီး လက်နက်မကိုင်ခဲ့ဘူး။ ပြီးတော့အမိန့်အရလုပ်ခဲ့တာပဲလို့ဆိုပါတယ်။

#စစ်ရာဇဝတ်မှုမှာအမိန့်အရလုပ်ပါတယ်ဆိုတာလက်မခံပါ။

လူတစ်ယောက်ကိုအမိန့်အရသေစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို အမိန့်ပေးတိုင်းလုပ်ရတယ်လို့ ပြောခွင့်မရှိပါ။

#လူသတ်မှုမြောက်တာကလူသတ်မှုမြောက်တာပဲဖြစ်ပါတယ်။

“After 75 years, this is ridiculous,” he told the Post. “I cannot understand how this can happen in a country like this.”

၇၅ နှစ်ကြာပြီးမှ … ဟာသပဲ။ ဒီလိုနိုင်ငံမှာ ဒီလိုပြန်ပို့မယ့်အဖြစ်မျိုးဘယ်လိုလို့ဖြစ်နိုင်မှာလဲ။

အခုတော့ ဖေဖဝါရီလထဲမှာပဲ ဂျာမနီကို စစ်ရာဇဝတ်မှုအတွက်ရင်ဆိုင်ဖို့ပြန်ပို့ချလိုက်ပါပြီ။

နှစ်ပေါင်းများစွာဖုံးထားသော်လည်း အခုလိုစစ်ရာဇဝတ်မှုအတိတ်ဆိုးကပေါ်ပေါက်လာသောအခါ သူ့မိန်းမသားသမီးဆွေမျိုးအားလုံး နာဇီစစ်ရာဇဝတ်ကောင်ရဲ့အမျိုးအဆွေတွေအဖြစ် ခေါင်းမဖော်နိုင်အောင် အရှက်ရစေပါတယ်။

ဒီလိုမျိုးပြန်ပို့ကာ စစ်ရာဇဝတ်မှုနောက်ကြောင်းကို ပြန်ရင်ဆိုင်ရတာ သူတင်မဟုတ်ပဲ အများကြီးရှိခဲ့ပါတယ်။

နောက်ဆုံးအမေရိကန်ကနေ ဂျာမနီကို စစ်ရာဇဝတ်မှုအတွက် ပြန်ပို့ပေးထားတာက ၂၀၁၈ ဩဂတ်စ်လမှာ အသက် ၉၅ နှစ်ရှိ အရင် နာဇီ SS တပ်ဖွဲ့ဝင် Jakiw Palij ဖြစ်ပါတယ်။

​ယခုနှစ် ဖေဖဝါရီလထဲမှာပဲ အသက် ၁၀၀ ရှိနာဇီ SS အမှုထမ်းဟောင်းတစ်ယောက်ဟာ နောက်ကြောင်းပေါ်ပေါက်ပြီး အမှုရင်ဆိုင်နေရပါတယ်။

အခုလိုစစ်ရာဇဝတ်မှုတွေပေါ်ပေါက်လာရင် ဘဝမှာဘယ်လောက်ပဲလောဘတကြီးရှာထားရှာထား အားလုံးအဟောသိကံဖြစ်ကာ #ဘဝနိဂုံးမကောင်းပဲဇာတ်သိမ်းရတတ်ပါတယ်။

၂၁ ရာစုဟာ ကမ္ဘာမှာစစ်ရာဇဝတ်မှုတွေကိုအကြီးအကျယ်အရေးယူနှိမ်ကွပ်နေပြီဖြစ်ပါတယ်။

ဘယ်လိုစစ်ရာဇဝတ်မှုမျိုးမှလွတ်လမ်းမရှိတော့တာကို သိထားကြပါ။

“#ရာဇဝတ်ဘေးကပြေးမလွတ်” ဆိုတာ ဦးရဲကြီးတို့အမြဲပြောပြောနေတဲ့ လက်သုံးစကားဆိုတာ #ကိုယ်တိုင်မမေ့ကြစေဖို့ သတိပေးလိုက်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •