စည်ပင်ယူနီ​ဖောင်းကို မြတ်နိုးစွာဝတ်ဆင်ပြီး အမှတ်တရဓါတ်ပုံရိုက်ခဲ့တယ်ဆိုတဲ့ “​ဒေါက်တာရဲလွင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

New normal lifestyle နဲ့ကျင်းပခဲ့တဲ့
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့။
••••••••••••••••••••••••••••••••••••••••••••

နှစ်ပတ်လည်နေ့တွေမှာ တစ်နှစ်ပတ်လုံးပင်ပန်းခဲ့ကြတဲ့ စည်ပင်ဝန်ထမ်းတွေအတွက် မိသားစုပျော်ပွဲရွှင်ပွဲအနေနဲ့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲ၊ သားသားမီးမီးတို့ရဲ့ မုန့်စားပြိုင်ပွဲ အပါအဝင် အားကစားပြိုင်ပွဲတွေ အများကြီး နှစ်စဥ် ကျင်းပခဲ့ကြပါတယ်။

အခြေခံပညာအထက်တန်းမှာ ဂုဏ်ထူးနဲ့အောင်မြင်တဲ့သားသမီးတွေနဲ့ ဌာနအလိုက် ထူးချွန်တဲ့ အမှုထမ်းတစ်ဦးစီကိုလည်း ဆုချီးမြှင့်ပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး သိပ်ထူးချွန်တဲ့ဝန်ထမ်းတွေကို မြို့တော်ဝန် ရွှေဆုနဲ့ ငွေဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ ကြိုးစားမှု၊ သစ္စာရှိမှု၊ ရိုးသားမှု၊ တီထွင်ကြံဆနိုင်မှု၊ ကော်မတီအတွက်ထူးထူးခြားခြား လုပ်ဆောင်ပေးနိုင်ခဲ့မှုတွေပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာပါ။

စည်ပင်ဝန်ထမ်းတွေ အချင်းချင်း မိသားစုစိတ်ဓာတ်တွေ မြင့်တက်လာအောင် ရည်ရွယ်သလို အလုပ်ကို ပိုမိုကြိုးပမ်းချင်စိတ်တွေ မွေးမြူပေးတဲ့ အနေနဲ့ လုပ်ပေးတာပါ။

 

ဒီနှစ်မှာတော့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာပေးတဲ့အနေနဲ့ ဘာပွဲမှမလုပ်တော့ပဲ နှစ်ပတ်လည်နေ့ကို မွေးနေ့ကိတ်လေးနဲ့ပဲ new normal lifestyle နဲ့ဖြတ်သန်းလိုက်ပါတယ်။

ဘာပဲပြောပြော အခုလက်ရှိကော်မတီရဲ့ နောက်ဆုံးသက်တမ်း ၃ လသာ ကျန််တော့တဲ့အချိန်မှာ စည်ပင်ကိုချစ်တဲ့စိတ်၊ သံယောဇဉ် ပိုလာတဲ့စိတ်၊ စည်ပင်ဝန်ထမ်းတွေနဲ့အတူ ဆိုတဲ့ဆောင်ပုဒ်ကိုပြသချင်တဲ့စိတ်တွေနဲ့ စည်ပင်ဝန်ထမ်းဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်ပြီး မှတ်မှတ်ရရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကော်မတီဝင်အားလုံး ဝတ်စုံလေးတွေကို အမှတ်တရအနေနဲ့ အမြဲတန်းသိမ်းထားကြမှာပါ။

မြို့တော်ကိုချစ်တဲ့၊ စည်ပင်ကိုချစ်တဲ့ ကော်မတီပါ။

Credit – Dr Ye Lwin

 


Spread the love
  •  
  •  
  •  
  •  
  •  
  •