စည်းလုံးသင့်ပြီမြန်မာပြည် MV ရိုက်ကူးသူ ယုန်လေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ခွင့် တစ်နှစ်ပိတ်
လူမှုကွန်ရက်မှာ အကြီးအကျယ်ကန့်ကွကိ ရှုံ့ချခြင်းခံနေရပြီး အငြင်းပွားဖွယ်ရာ သီချင်းရုပ်သံတစ်ခု
ဖြစ်တဲ့ စည်းလုံးသင့်ပြီမြန်မာပြည် ကိုရိုက်ကူးခဲ့တဲ့ ယုန်လေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်
ရိုက်ကူး ထုတ်လုပ်ခွင့် တစ်နှစ်ပိတ်ပင်လိုက်ပါတယ်။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း ရုပ်ရှင်ရိုက်ကူးခွင့်တွေပိတ်ပင်ထားတဲ့ကာလမှာ လူအများအပြားနဲ့သီချင်းရုပ်သံကို ရိုက်ကူးခဲ့တာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌဦးအေးကြူလေး ကပြောပါတယ်။
#YangonNation