စပါးရိတ်သိမ်းချိန်နှင့် Covid ဒုတိယလိူင်းကာလ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

စပါးရိတ်သိမ်းချိန်နှင့် Covid ဒုတိယလိူင်းကာလ

 

မိမိတို့နိုင်ငံသည် စပါးစိုက်ပျိုးမူကို
အခြေခံပြီး၊ပြည်သူ ပြည်သားအားလုံး၏ အဓိက စားနပ်ရိက္ခာဖြစ်သည့်အပြင် ပြည်ပငွေကြေးအဖြစ် နိုင်ငံ့ဘဏ္ဍာငွေကို ဖြည့်ဆည်းပေးနေသည့် ငွေပင်ငွေရင်းရရှိနေသည်မှာလည်း ဆန်သည် အရေးပါ မူတစ်ခု
ဖြစ်ပါတယ်၊

မိုးစပါး ၏စိုက်ပျိုးမူမှာ ကောက်စောစပါး၊သက်လတ်စပါးနှင့်သက်ကြီးစပါးကို စိုက်ပျိုးကြပါတယ်၊
သို့ပေမယ်လို့ လယ်သမားများသည် ကောက်စောစပါးကို ပိုမိုစိုက်ပျိုးလာကြတာကိုတွေ့ရပါတယ်၊
အဘယ်ကြောင့်ဆိုသော် မိမိတို့နိုင်ငံ၌ သီးထပ်ဟုခေါ်သည်ံ့ ပဲအမျိုးမျိုးကို စိုက်လာကြပါ၍ ရက်ပေါင်း(၉၀/၁၀၀) မှာရိတ်သိမ်းနိုင်မည့် ကောက်စောကိုသာ အစိုက်များလာကြပါတယ်၊
ဇွန်လမှာ စတင်ပျိုးနူတ်၊စိုက်လာခဲ့ပြီး ယခုလို
စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်းပိုင်းတွင် ရိတ်သိမ်းကြကာ သီးထပ်ဖြစ်သည့် မတ်ပဲ၊ပဲဒီစိမ်း၊စသည်တို့ကို လယ်သမားများ၏ နောက်ထပ်ဝင်ငွေတစ်ခုအတွက် စိုက်ကြပါတယ်၊
သက်လတ်သည် ရက်ပေါင်း(၁၄၀) ခန့်ဖြစ်ပြီး၊
ရွေဘို ပေါ်ဆန်းမွှေးသည် သက်လက်အမျိုးအစားဖြစ်ကာ၊
သက်ကြီးဖြစ်သော ပေါ်ဆန်း၊ငကျွဲ၊စသည်တို့သည် ရာသီသီးနှံဖြစ်ပြီး ရေနက်၊လျို၊စသည်တို့တွင်စိုက်ကာ နိုဝင်ဘာ၊ဒီဇင်ဘာလဆန်းလောက်မှာ
ရိတ်သိမ်းကြရပါတယ်၊
ယခုအချိန်မှာ မိုးစပါး စတင်ရိတ်သိမ်းရမည့် ကာလလည်းဖြစ်ပါတယ်၊
အောက်တိုဘာလဆန်းပိုင်းတွင် စပါးအသစ်စတင်ပေါ်ပါတယ်။
မိမိတို့၏ တောင်သူလယ်သမားများသည် အများစုက ကောက်စောကိုသာစိုက်ကြရခြင်းမှာ ရာသီဥတု အပြောင်းအလဲကြောင့် ဆုံးရူံးနစ်နာမူများရှိခြင်း၊
ဝင်ငွေတိုးပွားလာစေရန် သီးထပ် ပဲများကိုစိုက်ပျိုးလိုမူကြောင့်ဖြစ်ကြပါတယ်၊
ယခုအချိန်သည် ကောက်စောစပါးစတင်ရိတ်သိမ်းသည့် အချိန်ဖြစ်နေပါတယ်၊
မိမိတို့ငယ်ငယ်ကလိုမျိုး လူအများက
တံစဉ်နဲ့ မရိတ်ကြတော့ပါပဲ စပါးရိတ်စက်များဖြင့်သာ ရိတ်သိမ်းသော စနစ်များဖြစ်နေပါပြီ၊

စပါးရိတ်စက်ဆိုသည်ကလည်း သိန်းပေါင်း(၄၀၀) အထက်ရှိကာ လယ်သမားတိုင်းက ဝယ်ယူနိုင်ခြင်း
မရှိကြပါ၊
သို့ပေမယ့် ဘဏ်တစ်ခုနဲ့ချိတ်ဆက်ပြီး သိန်း(၁၅၀/၂၀၀) ခန့်သွင်း၍ ဘဏ်အားပိုင်ဆိုင်မူကို အပေါင်ထားကာ နှစ်နှစ်၊သုံးနှစ်အတွင်းတိုးရင်းကို အကြေပေးသွင်းကြရပါတယ်၊
သို့သော်လည်း လယ်သမားအများစုက ဝယ်နိုင်သည့် ငွေကြေး အင်အားမရှိကြပါ၊
စပါးရိတ်စက်ရှိသူများထံမှ ငှားရမ်း ရိတ်ကြရပါတယ်၊
စပါးရိတ်ခသည် တစ်ဧကကို ငွေ(၄၅၀၀၀)မှ(၅၀၀၀၀)ကျပ် အထိရှိပါတယ်၊

အကယ်၍ စပါးစိုပါက အခြောက်ခံလျှင်
စပါးတင်း(၁၀၀)ကိုငွ(၃၀၀၀၀)မှ(၄၀၀၀၀)ကျပ်အထိရှိပြီး
အခြောက်ခံစက်ရှိတဲ့နေရာကို သယ်ယူကြရပါတယ်၊ဤတွင်သယ်ယူခ စရိတ်တွေလည်းရှိပါတယ်၊

ယခုအခါ Covid ကပ်ရောဂါကြောင့် စပါးရိတ်စက်ရှိသော ဒေသ များမှ ဒေသ သို့မဟုတ် ကျေးရွာများသို့ သွားလာ၊ဖြတ်သန်းလို့ မရလောက်အောင် အခြေအနေများဖြစ်ပေါ်နေကြတာကို ကြားသိနေရပါတယ်၊
သို့အခြေအနေဖြစ်စဉ်များကြောင့် စပါးများက အမှည့်လွန်၊ရိတ်သိမ်းလွန်များဖြစ်လာကာ
ထွက်ရှိ စပါးများဆုံးရူံးသွားနိုင်မည့်အရေးများဖြစ်လာနိုင်ပါတယ်၊
ထို့ပြင် ရိတ်သိမ်းကာလမှာ မိုးကြီးပါကလည်း ဆုံးရူံးနိုင်ပါတယ်၊

သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများထံတွင်လည်း သဘာဝဘေးအတွက် အသုံးပြုနိုင်ပါရန် စပါးရိတ်စက်များရှိနေသော်လည်း အရေအတွက်က လက်နှစ်ဘက်
မပြည်ံ့ကြပါ၊ ဆိုလိုတာက လုံလောက်သည့် အခြေအနေမရှိပါကို ဆိုလိုရင်းဖြစ်ပါတယ်၊

ကျေးရွာတွေမှာဖြစ်နေကြတာက လယ်ထဲမှ လယ်ယာ အလုပ်သမားများက ရွာထဲသွားရင်တောင် သွားလို့မရခြင်း၊ ရွာထဲတွင်ရှိနေပြီးသားလယ်ယာအလုပ်ခွင်မှသူများက လယ်ထဲလာလို့မရကြခြင်း၊ ဖြစ်နေကြပါတယ်။

စပါးရိတ်စက်များသည် အညာဒေသမှ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊
တစ်ခါ ၎င်းတိုင်းများမှအညာဒေသ၊ရွေဘိုသို့သွားကြခြင်း၊စသည်ဖြင့် ကူးလူး သွားလာ ရိတ်သိမ်းမူများသည် စပါးပေါ်သည့် အချိန်ကာလမှာ ရှိနေကြရပါတယ်၊
ယခုအခါမှာ သွားလာခြင်း၊ခက်ခဲ တားဆီးမူများ ဖြစ်လာနေပြီး၊ ဖြစ်လာနိုင်ပါတယ်၊

သို့ဖြစ်ပါသောကြောင့် မိမိတို့နိုင်ငံ၏ အဓိကအသက် သွေးကြော၊ စားနပ်ရိက္ခာဖြစ်သော
စပါးထွက်ကုန်များ အချိန်မီ ရိတ်သိမ်းနိုင်စေကာ၊
လေလွင့် ဆုံးရူံးနိုင်မူများ နည်းပါးလာစေပြီး၊
အထူးသဖြင့် တောင်သူ လယ်သမားများ အပင်ပန်း၊အဆင်းရဲခံပြီး စိုက်ပျိုးထားသော စပါးစေ့ တစ်လုံးတစ်ပါဒမျှ့မဆုံးရူံးကြရလေအောင် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများသည် –
နည်းလမ်းကောင်းများအား အချိန်နှင့်
တစ်ပြေးညီ ရှာကြံကြပြီး လိုအပ်သော
အမိန့်၊ညွှန်ကြားချက်များကို နှောင့်နှေးမူများ မဖြစ်ကြစေရန် အမြန်ဆုံးထုတ်ပြန်ပေးဖို့
လိုအပ်လှပါကြောင်း ဆော်ဘြ၊ နိူးဆော် အသိပေး ရေးသားလိုက်ရပါတယ်။

ထွက်ရှိလာသည့်စပါးစေ့တစ်စေ့ခြင်းသည် တောင်သူလယ်သမားများ၏ အင်အားဖြစ် သလို မိမိတို့
မြန်မာပြည်၏ ခွန်အားများလည်းဖြစ်ပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(27.9.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •