စမ်းချောင်းက ပိုးတွေ့လူနာနှစ်ဦး Quarantine Center သို့ ပို့ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

စက်တင်ဘာ (၅)နေ့ (၂၀:၀၀) အချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ပါ SarsCoV-2 ပိုးတွေ့ရှိသူ နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးရှိ ကန့်သတ်စောင့်ကြည့် လူနာ(၂)ဦးပါဝင်ပြီး စမ်းချောင်းမြို့နယ်၊စမ်းချောင်း(တောင်)ရပ်ကွက်၊မင်းလမ်း၊အမှတ်(၇၀)(၇/အေ) နေသူအသက် (၂၉) နှစ် အရွယ် အမျိုးသမီးတစ်ဦး ၊ မြေနီကုန်း(မြောက်)ရပ်ကွက်ရပ်ကွက် မပိုလမ်းအိမ်အမှတ် (၄၂)(၆/အေ)နေ အသက် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပါသည်။

 


၄င်းတို့နေထိုင်ရာ တိုက်များအားသက်ဆိုင်ရာမှ စက်တင်ဘာ (၅) ရက်နေ့ (၂၁:၃၀) အချိန်တွင် Lockdown သတ်မှတ်ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါနှစ်ဦးအနက် မင်းလမ်း(+Case) ၏အတူနေ သူ နှစ်ဦးနှင့် ရုံးဖယ်ရီအတူစီးသူလင်းလွန်း(တောင်)ရပ်ကွက် ရွှေလောင်းလမ်း အမှတ် (၁၆) (၃/ အေ) နေသူနှစ်ဦး စုစုပေါင်း လေးဦးတို့အား စက်တင်ဘာ (၅) ရက် (၂၃:၄၀) အချိန်တွင် မရမ်းကုန်းရှိ Yangon Hotel သို့ ဟိုတယ်ကွာရတင်းဝင်ရန် ပို့ဆောင်ပေးခဲ့ပါသည်။

##SarsCoV2Detected##HotelQ##SanChaung##


Spread the love
  •  
  •  
  •  
  •  
  •  
  •