စမ်းချောင်းမြို့နယ်နေ ပိုးတွေ့သူ MPT ဝန်ထမ်း ၃ဦးကို အင်းစိန်ဆေးရုံမှ ဖေါင်ကြီးသင်တန်းကျောင်းဆေးရုံသို့ပြောင်းရွှေ့ကုသမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စမ်းချောင်းမြို့နယ်နေ ပိုးတွေ့သူ MPT ဝန်ထမ်း ၃ဦးကို
အင်းစိန်ဆေးရုံမှ ဖေါင်ကြီးသင်တန်းကျောင်းဆေးရုံသို့ပြောင်းရွှေ့ကုသမည်

 

စက်တင်ဘာ (၃) ရက်နေ့၊နံနက်ဝ၈:၀၀နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန​၏သတင်း ထုတ်ပြန်ချက်အရ  စမ်းချောင်းမြို့နယ် နေသူ သုံးဦး Covid 19 ပိုးတွေ့ရှိခဲ့ကြောင်းသိရပါတယ်။

၎င်းတို့သုံးဦးမှာ အင်းစိန်ဆေးရုံတွင် စောင့်ကြည့်ခံထားရသူများဖြစ်ပြီး MPT ဝန်ထမ်းများဖြစ်ကြပါသည်။ စမ်းချောင်းတွင် နေထိုင်ကြပြီး သုံးဦးမှာ ကျွန်းတောတောင်ရပ်ကွက်အမှတ် ၁၆၄(၇/ဘီ)မအူပင်လမ်းထိပ်နှင့်ဗဟိုလမ်းထောင့်နေသူတို့ဖြစ်ကြပါတယ်။

<span;>ယခုအခါ ၎င်းတို့သုံးဦးအား အင်းစိန်ဆေးရုံမှ ဖေါင်ကြီးသင်တန်းကျောင်းဆေးရုံသို့ပြောင်းရွှေ့မည်ဖြစ်သည်။ ၄င်းတို့နေထိုင်ရာနေရာများအား ၀၉၄၅ အချိန်တွင် မြို့နယ် အဆင့် CoVid-19 ထိန်းချုပ်ရေး ကော်မတီဥက္ကဌ နှင့်အဖွဲ့မှLock Down ချခဲ့ကြောင်းနှင့်၄င်းလိပ်စာ တွင် အတူနေသူ တစ်ဦးအား   Lock Downဧရိယာတွင်နေထိုင်ရေး ပြောကြားခဲ့ပါကြောင်း သိရှိရပါတယ်။

ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးကိုလည်း Lockdown
ချ ပိတ်ထားခဲ့ပြီး ရုံးမြေညီထပ်ရှိ ပြည်ချောထုတ်ဌာနကိုလည်း ဗဟိုစာတိုက်ကြီးဘက်သို့ ခေတ္တရွှေ့ပြောင်း ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •