စမ်းချောင်းမှာ ခွေးလေခွေးလင့်များဖမ်းဆီးပြီး စောင့်ရှောက်ရေးဂေဟာပို့  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

စမ်းချောင်းမှာ ခွေးလေခွေးလင့်များဖမ်းဆီးပြီး စောင့်ရှောက်ရေးဂေဟာပို့

စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဝါးခယ်မလမ်း၊ ဘူတာရုံလမ်း၊ တကောင်းလမ်း ၊ ဘူတာရဲဝန်းအတွင်းရှိ ပိုင်ရှင်မဲ့ ဆိုးသွမ်းအန္တာရာယ် ရှိသော ခွေး(၃၅) ကောင် နှင့် ‌မြေနီကုန်း မြေနီမြောက် ရပ်ကွက် ရှမ်းကုန်းလမ်း ရှိ ပိုင်ရှင်မဲ့ခွေး (၃) ကောင် အား စည်ပင်သာယာမှ ဖမ်းဆီး၍ ခွေးစောင့်ရှေက်ရေးဂေဟာပို့ဆောင်ခဲ့ပါသည်။

ရန်ကုန်မြို့တွင် လမ်းဘေး ခွေးကောင်ရေတိုးပွားကာ ခွေးကိုက်ခံရမှုဖြစ်စဉ် မကြာခဏဖြစ်ပေါ်နေခြင်းကို ဖြေရှင်းပေးရန် အစိုးရအား တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ သည်။

မွေးမြူရေးနှင့် ကုသရေးဦး စီးဌာန၏ တွက်ချက်မှုအရ မြန်မာ နိုင်ငံတစ်ဝန်း ခွေးကောင်ရေ ၃ ဒသမ ၈ သန်းရှိကာ ၇၀ ရာခိုင် နှုန်းသည် ခွေးလေခွေးလွင့်များ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင် လမ်းဘေးခွေး အရေအတွက် ကောင်ရေ နှစ်သိန်းရှစ်သောင်း ခန့်ရှိနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •