စမ်းချောင်း ၊ နန္ဒဝန်လမ်းက ပြိုကျခဲ့တဲ့ လေးထပ်တိုက်ကို ရှင်းလင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၃၀.၅.၂၀၂၀ ရက်နေ့၊ ည ၈ နာရီ ၅၅ မိနစ် အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင် ရပ်ကွက်၊ နန္ဒဝန်လမ်း၊ တိုက်အမှတ် ၂၈ (၄)ထပ်တိုက် ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ. ၃၁-၅-၂၀၂၀ နေ.မနက်မှာတော့ အဲဒီတိုက်ပြိုကျတဲ့နေရာကို စမ်းချောင်း့မြို.နယ် အုပ်ချုပ်ရေးမှူးနဲ.စည်ပင်သာယာက တာဝန်ရှိသူများလာရောက်ပြီး အပျက်အစီးတွေကို ရှင်းလင်းဆောင်ရွက်နေပါတယ်။ အဲဒီတိုက်ရဲ. ၄လွှာနဲ.၅လွှာကပစ္စည်းတွေကို အရင်ဆုံးရွှေ.ပြောင်းခွင့်ပေးမယ်လို.သိရပါတယ်။

 

တိုက်ပြိုကျရာနေရာကို စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့်
လှိုင်မြို့နယ်မီးသတ်စခန်းမှ Hydrulic platform 25 M(၁)စီးလာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။

 

အဲဒီတိုက်ပြိုကျမှုမှာ ကျား(၁)ဦး၊ မ(၁)ဦး၊ ကလေး(၁)ဦးတို.ကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးမှုနဲ. ထိခိုက်ဒါဏ်ရာရမှုမရှိဘူးလို.သိရပါတယ်။

 

#YangonNation

 


Spread the love
  •  
  •  
  •  
  •  
  •  
  •