စိန်နားကပ်ပြန်ပေးတဲ့ အမှိုက်သိမ်းယာဥ်မောင်းကို မြို့တော်ဝန် ဂုဏ်ပြုမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရိုးသားပြီးတာဝန်သိတဲ့ စည်ပင်ဝန်ထမ်း။
••••••••••••••••••••••••••••

အမရပူရမြို့နယ်မှယာဥ်မောင်းဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သောRC-24 အမှိုက်သိမ်းယာဥ်သည်တိုးချဲ့(၄)ရပ်ကွက်တွင်အမှိုက်သိမ်းဆည်းပြီး၍တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့အသွား
ဖုန်းဝင်လာပါတယ်။

အမှိုက်ပစ်ရင်း ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသောစိန်နားကပ်ပါသွားကြောင်း ပြောသဖြင့် လမ်းဘေးတွင်ကားရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိစောင့်ပေးပါတယ်။

ပိုင်ရှင်များမှ လမ်းဘေးတွင်မှိုက်သွန်ပြီးချရှာရန်တောင်းဆိုသော်လည်း ယာဥ်မောင်းမှလမ်းဘေးဆိုလျှင်မဖြစ်နိုင်ကြောင်း အများပြည်သူသွားလမ်းပေါ်ဖြစ်နေသဖြင့်အရေးယူခံရနိုင်ကြောင်းပြောပြပြီး ပိုင်ရှင်များကိုအမှိုက်ကျင်းထိလိုက်လာခိုင်းပါတယ်။

အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီးသီးခြားတစ်နေရာရာကိုအမှိုက်ချရှာခွင့်တောင်းခံခဲ့ပါသည်။

ခွင့်ပြုသဖြင့် အမှိုက်များကိုနဲနဲခြင်းချပေးပြီးကူညီရှာပေးခဲ့ရာ နံက်ပိုင်း၁၀:၃၀ခန့်တွင်စိန်နားကပ်တစ်ရံကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပိုင်ရှင်မှကျေးဇူးတင်သည့်အနေဖြင့် ငွေကျပ် ၁၅၀၀၀ ပေးသွားပါကြောင်း ၎င်းငွေကိုကူညီပြီးရှာပေးသည့်ကလေးများလည်းခွဲဝေပေးခဲ့တယ်လို့သိရပါတယ်။

ရိုးသားပြီး တာဝန်သိမှု အတွက် နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုပေးမှာပါ။

Credit – Dr Ye Lwin


Spread the love
  •  
  •  
  •  
  •  
  •  
  •