စိုစွတ်ပြီးအအေးဓာတ်များတဲ့ သားငါးစျေးတန်းတွေမှာ Covid ပိုးပိုပွားနိုင်တယ်ဆိုတာဟုတ်သလား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပီကင်းက ကုန်စိမ်းစျေးသတင်း update

▪️June လ 19 ရက်နေ့အထိ အဲ့ဒီစျေးနဲ့ ပတ်သက်ပြီး COVID ရောဂါသည် 183 ယောက်တွေ့ထားပြီးပြီ။

▪️တရုတ်က အမြဲတမ်း Covid ရောဂါသည်တွက်ရင် ရောဂါပိုးရှိပြီးလက္ခဏာမပြတဲ့သူတွေကို ထည့်မတွက်တော့ တကယ်ဘယ်လောက်ရှိလဲ အတိအကျမသိရဘူး။

▪️ပြည်ပကတင်သွင်းတဲ့အသားတွေက ပိုးကူးလာတယ်ထင်လို့ နမူနာပေါင်း 15600 ကိုစစ်ဆေးတာ အားလုံး (negative) ပိုးမတွေ့ဘူး။

▪️အဲ့ဒီစျေးတန်းထဲလိုက်စစ်တော့ ပင်လယ်စာ၊ အမဲသားနဲ့ သိုးသားဆိုင်တွေမှာ #အခြားနေရာတွေထက် ပိုးတွေ့တာပိုများနေတယ်။

▪️ဖြစ်ရပ်က ဝူဟန်စျေးကို စစ်ဆေးတုန်းကနဲ့တပုံစံထဲပဲ။ အဲ့ဒီတုန်းက တောတိရိစ္ဆန်ရိုင်းနဲ့ ပင်လယ်စာဘက်အတန်းတွေဖြစ်တဲ့ စျေးအနောက်ဘက်အခြမ်းမှာတွေ့တာများတယ်။

▪️စိုစွတ်ပြီးအအေးဓာတ်များတဲ့ သားငါးစျေးတန်းတွေမှာ Covid ပိုးပိုပွားတယ်ဆိုတဲ့သဘော။

▪️ငါးကနေကူးတာလုံးဝမဖြစ်နိုင်ဘူး။ ငါးမှာ ဗိုင်းရပ်စ်ကူးစေမယ့် receptor မရှိဘူး။

▪️အခု ပီကင်းစျေးကတွေ့တဲ့ ဗိုင်းရပ်စ်က ဥရောပကတွေ့တဲ့ ဗိုင်းရပ်စ်နဲ့ အန္ဓေကွဲတူနိုင်တယ်လို့ဆိုပေမယ့် မျိုးရိုးစစ်ကြည့်တော့ #အခုပီကင်းစျေးကဗိုင်းရပ်စ်ကပိုစောနေတာကို တွေ့ရှိရတယ်။

▪️အခုလို ပီကင်းစျေးက ဗိုင်းရပ်စ်က ဥရောပကတွေ့တဲ့ ဗိုင်းရပ်စ်ထက် အဖေ့ထက်သားတစ်လကြီးနေတယ်ဆိုတာက ဥရောပကလာတုန်းက ရေခဲရိုက်ထားလို့ mutation မဖြစ်တာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

▪️ပီကင်းက ဗိုင်းရပ်စ်ကပိုစောနေတယ်ဆိုကတည်းက ဥရောပမှာမပြန့်ခင် တရုတ်မှာအရင်ကတည်းကရှိပြီး ဥရောပကတင်သွင်းတဲ့ အသားတွေက ကူးတာမဖြစ်နိုင်ဘူးလို့ ကျနော်ယူဆပါတယ်။ အတိအကျတော့ မပြောနိုင်ပါ။

▪️အခုလောလောဆယ်တော့ တရုတ်က ပြည်ပအဝင်အသားတွေကို သေချာစစ်ဆေးနေပါပြီ။

▪️တရုတ်ကစျေးမှာတွေ့တယ်ကြားတော့ နိုင်ငံအချို့ကလည်း ပြည်ပကတင်သွင်းတဲ့အသားတွေကို လန့်ဖြန့်ပြီးစစ်ဆေးကုန်ကြပါတယ်။

♦️ အရေးကြီးတဲ့အချက်က တရုတ်ပြည် အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ အကြံပေးချက်က စျေးထဲမှာ #အသားကိုရေပိုက်ခေါင်းအောက်ထားပြီးရေဖွင့်ချကာမဆေးသင့်ဘူး။ ပိုးပါးရင်အနားပတ်ဝန်းကျင်ကို စင်ကုန်မှာစိုးလို့တဲ့။

ကျနော်ကတော့ အဲ့ဒီအကြံပေးချက်ကို သဘောမတူပါ။

♦️ကြာသပတေးနေ့က နောက်ဆုံးထုတ်ပြန်တဲ့ တရုတ်ပြည်ရဲ့ Covid-19 ကာကွယ်ရေးညွှန်ကြားချက်ထဲမှာ အသစ်ထပ်တိုးတယ်။

♦️ အသားစိမ်းငါးစိမ်းကိုင်ထားပြီးရင် လက်ကိုဆပ်ပြာ၊ ရေနွေးပူတို့နဲ့အသေအချာဆေးပြီးရင် လက်ကိုမျက်စိနဲ့ နှာခေါင်းတို့ကိုမထိနဲ့။ ပြီးတော့ အသားငါးစိမ်းတွေကို ထပ်မကိုင်နဲ့တဲ့။

အဲ့ဒီအချက်ကိုသဘောတူပါတယ်။ မြန်မာပြည်စျေးတွေမှာတော့ ဘယ်လုပ်နိုင်ပါ့မလဲ။

အိမ်မှာတော့လုပ်သင့်တဲ့အကျင့်ကောင်းပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
19-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •