စိုးစန္ဒာအမည်ရှိ ကင်းမွန်ငါးဖမ်းလှေနစ်မြုပ်မှုအား တပ်မတော်မှကယ်ဆယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စိုးစန္ဒာအမည်ရှိ ကင်းမွန်မီးထွန်းလှေနစ်မြုပ်မှုအား တပ်မတော်မှကူညီကယ်ဆယ်
==============
နေပြည်တော်၊ စက်တင်ဘာ – ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ပင်လယ်ပြင်အတွင်းထွက်ခွာလာသည့် လှေသား ၆ ဦးလိုက်ပါလာသော စိုးစန္ဒာအမည်ရှိ ကင်းမွန်မီးထွန်းလှေတစ်စီးသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၀ ဒသမ ၅ မိုင်ခန့်အကွာသို့အရောက်၌ လှိုင်းကြီးပြီး စက်ခန်းအတွင်းရေဝင်ရောက်မှုကြောင့် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါရေဝင်နစ်မြုပ်လှေမှ လှေသားများအား တပ်မတော်(ရေ)မှလိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လှေသား ၆ ဦးအား လှေပိုင်ရှင်ဖြစ်သူ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ ဦးရန်ပိုင်စိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

http://dsinfo.org/node/433


Spread the love
  •  
  •  
  •  
  •  
  •  
  •