ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လစ်လပ် နေတဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး နေရာမှာ ဦးရဲမင်းဦး အား ခန့်အပ်တာဝန်ပေးအပ်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁ အရ ဒီကနေ. ၃-၆-၂၀၂၀ ရက်နေ့မှာ လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ဦးရဲမင်းဦး အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ သဘောတူကြောင်း ကြေညာခဲ့ပါတယ်။