စျေးထဲက အသားငါးတွေမှာ COVID ရောဂါပိုးပါနိုင်သလား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

စျေးထဲက အသားငါးတွေမှာ COVID ရောဂါပိုးပါနိုင်သလား

🇨🇳 တရုတ်ပြည် ပီကင်းမြို့က #ကုန်စိမ်းစျေးမှာ COVID ဖြစ်နေတော့ #အသားငါးတွေဟာစိတ်ချရမလား⁉️

#တစ်ချက်ခြင်းသေသေချာချာဖတ်ပါ။

ဆော်လမွန်ငါးမှာ COVID တွေ့လို့ဟေ့လို့ #ဖွတဲ့သူတွေကဖွကြတော့ 🥬🥩 မနက်ပိုင်းစျေးဝယ်နေတဲ့ အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ စိတ်ချရမလားလို့ မေးလာကြပါတယ်။

▪️ပီကင်းမြို့မှာ မနေ့က 27 ယောက်ထပ်တိုးတာမို့ စုစုပေါင်း ရောဂါရှိသူ 106 ယောက်ရှိသွားပါပြီ။ ဒါဒီနေ့ အင်္ဂါနေ့မနက်အထိ update ပါ။

👉 အရင်ဆုံး ကျနော်ပြထားတဲ့ အခု COVID ဖြစ်နေတဲ့ Xin Fa Di #စျေးထဲကပုံကိုကြည့်ပါ။

♦️ ဝယ်သူက 😷 mask တပ်ထားပြီး ​ရောင်းတဲ့သူနှစ်ယောက်က #maskကိုမေးချိတ်ထားကြပါတယ်။ #အဲ့ဒါအဖြေပါပဲ။

▪️ဆော်လမွန်ငါးမှမဟုတ် အခုအဲ့ဒီစျေးကဝယ်ခဲ့တဲ့ 🥩 သိုးသား၊အမဲသားတွေကိုအကုန်လိုက်စစ်နေပါပြီ။

▪️ ဆော်လမွန်ငါးတင်မဟုတ်ပါ။ #ရေသတ္တဝါတွေကို COVID ဖြစ်စေတဲ့ SARS-CoV-2 #ဗိုင်းရပ်စ်ပိုးမကူးနိုင်ပါ။

▪️ဆော်လမွန်ငါးဖမ်းတဲ့လူတွေဟာ ပင်လယ်ထဲမှာ တစ်လခွဲလောက်နေရတာမို့ သူတို့ဟာ Quarantine 45 ရက်ဝင်ပြီးသားဖြစ်နေတာမို့ သူတို့ဆီကနေ ဆော်လမွန်ငါးမှာပိုးပါမသွားနိုင်ပါ။

▪️လူရဲ့ဝမ်းမှာ COVID ရောဂါပိုးပါနိုင်တာမို့ စားမိတဲ့ငါးရဲ့ဝမ်းဗိုက်ထဲမှာ ပိုးပါနိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်ထဲက ဆော်လမွန်ငါးက ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။

▪️အဲ့လိုစားမိတဲ့ငါးဆိုရင်လည်း ငါးဝမ်းဗိုက်ထဲက ကလီစာနဲ့ ဝမ်းခေါင်းကိုဆေးချလိုက်ရင် စင်ပါတယ်။ ပြီးတော့ ငါးကစားမိပြီးမကြာခင် လူကဖမ်းမိမှ ဗိုက်ထဲမှာပိုးပါလာမယ့် ကိစ္စပါ။ အလွန်အခွင့်အလမ်းနည်းပါတယ်။

♦️ ဖြစ်နိုင်ခြေက ရောဂါပိုးရှိတဲ့ အသားငါးရောင်းသူဆီကနေ အသားငါးတွေ၊ သားလှီးစဉ့်နှီးတုံးတွေဆီကို ရောက်သွားတာပါ။

👉 🐕 ခွေး၊ 🐖 ဝက်၊ 🐓 ကြက်နဲ့ 🦆ဘဲတွေမှာ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်က သိပ်ပြီးမျိုးမပွားနိုင်တာမို့ Covid ဖြစ်နိုင်ခြေနည်းပါတယ်။

#ဒါ့ကြောင့်စျေးထဲကအသားငါးတွေမှာCOVIDပိုးပါနိုင်ခြေအလွန်နည်းပါတယ်။

▪️ကျနော်ပြထားတဲ့ပုံထဲကလိုပဲ 😷 #maskကိုမေးချိတ်တဲ့စျေးသည်တွေဟာ အခု COVID ဖြစ်နေတဲ့စျေးရဲ့လက်သည်တရားခံဖြစ်ဖို့ 90 ရာနှုန်းသေချာနေပါတယ်။

▪️တရုတ်ပြည်မှာစီးကရက်အလွန်သောက်သလို စီးကရက်တည်ရတာအလွန်ဝါသနာပါပါတယ်။

👉 ရောဂါရှိတဲ့သူရဲ့လက်ကနေ #စီးကရက်ဘူးအဝမှာ COVID ရောဂါပိုးကပ်ကျန်နေခဲ့မယ်။ သူကနေ နောက်လူကိုစီးကရက်တည်လို့ နောက်လူကနှိုက်ရင်ဖြစ်ဖြစ်၊ သူကနေ လက်နဲ့နှိုက်ပြီးပေးလို့ဖြစ်ဖြစ် စီးကရက်ကနေ ရောဂါကူးစက်ဖို့ လွယ်သွားပါပြီ။

▪️ကုန်စိမ်းစျေးသည်တွေဟာ တစ်ဆိုင်နဲ့တဆိုင်အလုပ်ခေတ္တနားချိန်မှာ စကားရပ်ပြောကြတာ ကူးလူးဆက်ဆံကြတာ အမြဲရှိပါတယ်။ mask ကိုဘေးချိတ်ပြီးပြောကြဆိုကြ စီးကရက်သောက်ကြနဲ့ ကူးစက်ဖို့လွယ်ပါတယ်။

♦️ အဲ့ဒီရောဂါကူးထားတဲ့ လူကနေ 😷 mask ကိုမေးချိတ်ပြီးအသားငါးကိုင်မယ်ဆိုရင် #သူအသက်ရှုထုတ်ရာကနေဖြစ်စေ၊ #စကားပြောရာကနေဖြစ်စေ၊ #သူ့မျက်နှာပါးစပ်နှာခေါင်းတို့ကိုကိုင်မိရာကနေဖြစ်စေ သူလုပ်ကိုင်နေတဲ့ အသားငါးတွေအပေါ် #ရောဂါပိုးပါသွားနိုင်ပါတယ်။

▪️Clinical academic researcher Craig Anderson ရဲ့သုသေသနပြုချက်အရ စျေးတွေမှာ #ကျန်းမာရေးအတွက်သန့်ရှင်းမှု hygiene conditions #အလွန့်အလွန်မှအားနည်းပါတယ်တဲ့။

▪️အဲ့ဒီလိုပဲ စျေးထဲကစျေးရောင်းသူတွေအပြင် စျေးဝယ်သူတွေကလည်း #ကျန်းမာရေးအတွက်သန့်ရှင်းမှု hygiene conditions #အလွန့်အလွန်မှအားနည်းတဲ့အတွက် ရောဂါရှိတဲ့သူက #maskကိုမေးချိတ်ကာ “ဟဲ့ဒီအသားကဘယ်စျေးလဲ”လို့မေးလိုက်တာနဲ့ ပိုးကအသားတွေပေါ်ကျမှာပဲ။

▪️အသားငါးတွေသာမက ဟင်းသီးဟင်းရွက်တွေလည်း ဒီအတိုင်းပါပဲ။

▪️လွန်ခဲ့တဲ့ တစ်လလောက်က လမ်းမတော်သံစျေးရှေ့နား ကျနော်ဖြတ်အလျှောက်မှာ “ဟတ်ချိုး” ဆိုပြီးအားရပါးရချေချလိုက်တာကြားလို့ လှည့်အကြည့်လိုက်မှာ #maskကိုမေးချိတ်ထားတဲ့ သရက်းသီးသည်ကြီးဖြစ်နေပါတယ်။ သူ့ရှေ့က 🥭 သရက်သီးတွေအပေါ် ချေချလိုက်တာ ကျနော့မျက်မြင်ကိုယ်တွေ့ပါ။

#ဘာတွေကောက်ချက်ချနိုင်သလဲ⁉️

♦️ ပီကင်း Xin Fa Di ကုန်စိမ်းစျေးမှာ COVID ဖြစ်မှုကို ကြည့်ရင် #စျေးရောင်းသူတွေမှာပဲအဓိကရောဂါပိုးတွေ့တာပါ။

♦️ #အသားစိမ်းငါးစိမ်းနဲ့အသီးအရွက်တွေအပေါ်မှာအလွန်အမင်းကြောက်လန့်တကြားမဖြစ်ကြပါနဲ့။ ဆော်လမွန်လို့ကြားတာနဲ့ ဘုမသိဘမသိ ထဖွကြတဲ့ လူတွေက လူတွေကို မလိုအပ်ပဲ စိတ်သောကဖြစ်စေပါတယ်။

♦️ အခုအချိန်အထိ အစားအသောက်ကနေ COVID ရောဂါကူးစက်တဲ့ case သေသေချာချာမပေါ်သေးပါ။

#ဘာတွေဆောင်ရရှောင်ရမှာလဲ⁉️

♦️ပုံမှာမြင်တဲ့အတိုင်း 😷 mask မတပ်ပဲ ပြီးတော့ 😷 mask ကိုမေးချိတ်ပြီး အသားကိုင်သူတွေ၊ ကုန်စိမ်းကိုင်သူတွေကို #အသိပညာပေးတာများများလုပ်ကြပါ။

♦️ 😷 mask ကိုသေသေချာချာတပ်ခြင်းဖြင့် ဇီဝိတဒါနလုပ်ကြပါလို့။

♦️ အသုတ်တွေ၊ စားသောက်ဆိုင်က စားဖိုချောင်အစားအသောက်ပြင်သူတွေလည်း 😷 mask ကို အသေအချာတပ်ဖို့နဲ့ လက်သန့်ရှင်းဖို့လိုပါတယ်။

♦️ ဟင်းသီးဟင်းရွက်ဆေးတဲ့ကိစ္စက ကျနော်ရေးပြီးသား post ရှိပါတယ်။

#စိတ်မချရင်ပိုးသေတဲ့အပူချိန်အထိချက်ပြုတ်ပါ။

🇫🇷 ပြင်သစ်ပြည် Aix-Marsellie University က ပညာရှင်တွေရဲ့ စမ်းသပ်မှုကို ကျနော်ရေးသားဖူးပါတယ်။

🔥 SARS-CoV-2 #ဗိုင်းရပ်စ်ပိုးဟာ အနည်းဆုံး အပူချိန် 92 ဒီဂရီ C မှာ 15 မိနစ်အပူပေးမှ သေပါတယ်တဲ့။

🔥 သဘောက ရေဆူဆူမှာ 15 မိနစ်လောက်တည်မှ စိတ်ချရတယ်ဆိုတဲ့သဘော။

🔥 အပူချိန် 60 ဒီဂရီ C မှာဆိုရင် 1 နာရီကြာပိုးသတ်ရမယ်လို့ အရင်က ဓာတ်ခွဲခန်းတွေရဲ့ protocol က စိတ်မချရတော့ပါဘူးတဲ့။ 92 ဒီဂရီ C မှာ 15 မိနစ်အပူပေးတာက ပိုစိတ်ချရပါတယ်တဲ့။

♦️ ဒါကစိတ်လုံးဝမချသူတွေကိုပြောတာပါ။ အကြော်အလှော်သမားတွေနဲ့ 🍣 sushi သမားတွေဘယ်လိုလုပ်မလဲ⁉️

နိဂုံးချုပ်အနေနဲ့ပြောရရင် အစားအသောက်ကိုစျေးကဝယ်လာပြီးရင် ရေအသေအချာဆေးဖို့နဲ့ ပြင်ဆင်ချိန်မှာ 😷 mask လုံလုံခြုံခြုံ၊ လက်သန့်သန့် ရှင်းရှင်းဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောပါရစေ။

စိတ်ချချင်ရင် ကျနော်ပြောသလို ရေဆူဆူ 15 မိနစ်နဲ့ချက်ပါ။

အခုအချိန်ထိ အစားအသောက်ကကူးတဲ့ case မဖတ်ဖူးပါ။ လူလူခြင်းထိတွေ့ဆက်ဆံမှုမှာ စည်းကမ်းမရှိလို့ ကူးတာပဲတွေ့ရပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
16-June-2020

 


Spread the love
  •  
  •  
  •  
  •  
  •  
  •