ဆင်ပေါင်ဝဲ၊ ဂွေးချိုကျေးရွာအနီး ကားတစ်စီးလမ်းဘေးသစ်ပင်အားဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦး ကားခေါင်းခန်းအတွင်းညပ်မိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆင်ပေါင်ဝဲ၊ ဂွေးချိုကျေးရွာအနီး ကားတစ်စီးလမ်းဘေးသစ်ပင်အားဝင်တိုက်မိပြီး
အမျိုးသမီးတစ်ဦး ကားခေါင်းခန်းအတွင်းညပ်မိ

၆.၈. ၂၀၂၀ ရက်နေ့၊ ၁၁ ၂၀ ချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဂွေးချိုကျေးရွာအနီးတွင် အောင်လံဘက်မှမကွေးဘက်သို့ မောင်းနှင်လာသော Light Truck (အဖြူရောင်)ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အားဝင်ရောက်တိုက်မိ၍ အမျိုးသမီးတစ်ဦး
ကားခေါင်းခန်းအတွင်းညှပ်မိနေခဲ့ပါတယ်။

 

 

သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းနှင့် ဧကရာဇ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကားခေါင်းခန်းအတွင်း ညပ်နေသူအား ၁၁ ၅၀အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ချောင်းကောက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို.သိရပါတယ်။

 

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •