ဆည်တော်ကြီးရေလှောင်တမံမှ ရေတံခါးများ ထပ်ဖွင့်မည်ဖြစ်ရာ ရေလမ်းကြောင်းရှိ ကျေးရွာများ အန္တရာယ်ကင်းစေရေးအတွက် နှိုးဆော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆည်တော်ကြီးရေလှောင်တမံမှ ရေတံခါးများအား ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ရာ ရေလမ်းကြောင်းရှိ ကျေးရွာများ ဘေးအန္တရာယ်ကင်းစေရေးအတွက် နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံ၏ ရေဆင်း ဧရိယာဖြစ်သော မိုးကုတ်မြို့တွင် (၁၆.၉.၂၀၂၀)ရက်နေ့၌ မိုးရေချိန် (၆.၆၂)လက်မနှင့် ယနေ့ (၁၇.၉.၂၀၂၀) ရက်နေ့တွင် မိုးရေချိန် (၅.၅၄)လက်မ ရွာသွန်းခဲ့ပါသဖြင့် (၁၇.၉.၂၀၂၀)ရက်နေ့ နံနက် (၀၆:၀၀)နာရီတွင် ဆည်တော်ကြီးရေလှောင်တမံ၏ ရေမှတ် RL-၄၁၆.၅၀ပေ (ရေလှောင်ပမာဏ ၃၄၁၂၅၀ ဧကပေ)သို့ ရောက်ရှိခဲ့ရာ (Emergency Preparedness Plan –EPP )အရ ရေပိုလွှဲထိပ်နှင့် ရေလွှဲဆည်ထိပ်တွင် အလံစိမ်းများထောင်ထားပြီး ရေစတင်မထုတ်လွှတ်မီ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားထားပြီးဖြစ်သည်။

 

ဆည်တော်ကြီးရေလှောင်တမံသို့ ဝင်ရေများပြား လာပါသဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Rules & Regulations) အရ ယနေ့(စက်တင်ဘာ ၁၇) နံနက် (၀၈:၀၀)နာရီတွင် ရေတံခါးနံပါတ် (၄)အား၊ (၁)ပေ စတင် ချိန်ညှိလျော့ချ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ (၁၂:၀၀)နာရီတွင်ရေတံခါးနံပါတ် (၃၊၅)၊(၁)ပေစီ ထပ်မံ ဖွင့်လှစ်ပြီး (၁၃:၀၀)နာရီတွင် ရေတံခါးနံပါတ် (၂၊၆)၊(၁)ပေစီ၊ (၁၄:၀၀)နာရီတွင် ရေတံခါးနံပါတ် (၁၊၇)ကို၊ (၁)ပေစီထပ်မံ ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေဝင်ပမာဏအပေါ်မူတည်၍ Rules & Regulations အရ ရေတံခါးများအား ထပ်မံတိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ ရေလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် စလေ၊ စကားပင်၊ ဂွေးပင်၊ အုတ်ဖို၊ မြစ်ကမ်း၊ အထက်တောင်ကိုင်း၊ သပြေချောင်၊ အင်းတံခါး၊ အုတ်တိုက်၊ ချောင်းပေါက်၊ အုန်းပင်၊ ရှားစေးချက်၊ သပြေသာ၊ ပုဂံစု၊ ချောင်းတော်ဝ၊ ကျောင်းကုန်း၊ ကျွဲကျ၊ သူဌေးကုန်း၊ ကျွဲတပ်၊ ဆိပ်သာ၊ ကျောက်စရစ် (တောင်)၊ ကျောက်စရစ်(မြောက်)၊ ဇီးဖြူကုန်း၊ စကျင်၊ ဝန်စု၊ မြွေဟင်္သာ၊ မြွေစွန်း၊ ဥဒိန် စသည့်ကျေးရွာများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အချိန်နှင့်တပြေးညီ သတိပေးတင်ပြချက်များအား ဂရုပြုလိုက်နာဆောင်ရွက်ရေး နှိုးဆော်ထားသည်။

TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •