ဆန္ဒပြပွဲတွေကြောင့် နယူးယောက်ရှိ မြန်မာတွေအတွက် ကုလဆိုင်ရာ မြန်မာအဖွဲ့ရုံး သတိပေးချက် ထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆန္ဒပြပွဲတွေကြောင့် နယူးယောက်ရှိ မြန်မာတွေအတွက် ကုလဆိုင်ရာ မြန်မာအဖွဲ့ရုံး သတိပေးချက် ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့နေ မြန်မာအသိုက် အဝန်းနဲ့ ကျောင်းသား ကျောင်းသူတွေ လိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးက ဇွန်လ ၂ ရက် အင်္ဂါနေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ နယူးရောက်မှာပါ ဖြစ်ပွားလာနေတာကြောင့် ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့က စပြီး ည ၈နာရီကနေမနက် ၅ နာရီအထိ ညမထွက်ရ ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် မြန်မာမိသားစုတွေနဲ့ ကျောင်သား ကျောင်းသူတွေအနနေဲ့ မိမိလုံခြုံရေးအတွက် ‌ဒေသဆိုင်ရာ အစိုးရရဲ့ သတိပေး ချက်တွေကို လိုက်နာကြဖို့ သတိပေး တိုက်တွန်းထားတာပါ။

တကယ်လို့ ကောင်စစ်ဆိုင်ရာကိစ္စနဲ့ အရေးပေါ် ဆက်သွယ်ချင်ရင် လက်ကိုင်ဖုံး ၁ (၃၄၇) ၆၄၇ ၀၈၀၁ ဒါမှမဟုတ် ၁ (၉၁၇) ၅၆၁ ၄၄၁၆ နဲ့ အီးမေးလ် counsulatemyanmarny @ gmail.com ကို ဆက်သွယ်ဖို့ပါ ဖေါ်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •