ဆန္ဒပြမှုများရပ်တန့်အောင် စစ်အင်အားသုံးမည့် သမ္မတ၏ အစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး လက်မခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper က ရဲတပ်ဖွဲ့၏လူမျိုးရေးခွဲခြားမှုအတွက် တရားမျှတမှုရရှိရန် နိုင်ငံအနှံ့ဖြစ်ပွားနေသော တောင်းဆို ဆန္ဒပြမှုများ ရပ်တံ့အောင် စစ်အင်အားသုံး လုပ်ဆောင်မည့် သမ္မတ၏ အစီအစဉ်ကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

National Guard troops arrive at a mall complex 

“ ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေနဲ့သာမက စစ်သားဟောင်းတစ်ဦးအနေနဲ့ပါ ဒီစကားကို ကျွန်တော်ပြောတာပါ ၊ ပြီးတော့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးအနေနဲ့ တရားဥပဒေစိုးမိုးရေးမှာ စစ်တပ်အင်အားသုံးမယ်ဆိုတဲ့ ရွေးချယ်မှုဟာ နောက်ဆုံးအရင်းအမြစ်ပဲ ဖြစ်သင့်ပါတယ် ၊ ကျွန်တော်တို့ရဲ့ အခုအခြေအနေဟာ အဲလိုနောက်ဆုံး အနေအထားမဟုတ်ပါဘူး” လို့ ပင်တဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •