ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံး ပါရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးကြရန် UEC က အသိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံး ပါရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာချက် ထုတ်ပြန်

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ လာရောက်မဲပေးကြရာ၌ ဆန္ဒမဲပေးခြင်းမပြုမီ ကြိုတင်၍ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံး ပါရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးကြရန်နှင့် UEC စာလုံးပါရှိမှသာ မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့်သင်္ကေတ အမှတ်အသားတည့်တည့်တွင် ရှိသော လေးထောင့်အကွက်အတွင်း၌ တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးမပါရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သို့မဟုတ် မဲရုံအဖွဲ့ဝင်များသို့ ချက်ချင်းသတင်းပို့ အကြောင်းကြား လဲလှယ်ဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာတွင် ပါရှိသည်။

ယခုကာလတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အချို့၌ UEC စာလုံးသုံးလုံး မပါဝင်သော အမှန်ခြစ်တံဆိပ်တုံးအတုများ ပေါ်ထွက်နေကြောင်း တွေ့ရှိရ ပါသည်။

ယခုကာလတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အချို့၌ UEC စာလုံးသုံးလုံး မပါဝင်သော အမှန်ခြစ်တံဆိပ်တုံးအတုများ ပေါ်ထွက်နေကြောင်း တွေ့ရှိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •