ဆန္ဒအလျောက် တာဝန်ထမ်းဆောင်ရန် ရောက်​ေနသော ဆရာဝန်/သူနာပြုများအား ရခိုင်ဝန်ကြီးချုပ် ဦးညီပု တွေ့ဆုံကျေးဇူးတင် စကားပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကုတင် ၅၀၀ ဆံ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် Covid-19 ရောဂါပိုး တွေ့ရှိသူများအား သီးသန့်
ထားရှိကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ မိမိ
တို့ဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်ရန်
ရောက်ရှိလာသော ဆရာဝန်/သူနာပြုများအား တွေ့
ဆုံအားပေးစကား ပြောကြားခြင်းနှင့် စစ်တွေတက္က သိုလ်ရှိ Quarantine Center သို့သွားရောက် ကြည့်ရှု စစ်ဆေးမှု(၂၉-၈-၂၀၂၀)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
၁။ ပြည်နယ်ဝန်ကြီးချုပ်သည်ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် အတူ စစ်တွေမြို့ ခုတင်၅၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွား ရောက်၍ Covid -19 ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကုသနိုင်ရေး ဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးရာပြည်နယ်လူမှုရေး ဝန်ကြီး Dr ချမ်းသာနှင့် ဆေးရုံအုပ်ကြီး Drဇော်လွင်
တို့က လိုက်လံရှင်းလင်းပြသကြသည်။

 


၂။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံအုပ်ကြီးရုံး အစည်းအဝေးခန်းမ၌ ရခိုင်
ပြည်နယ် Covid -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်”ယာယီ တာဝန် ထမ်းဆောင်ရန် ရောက်ရှိနေသည့် ဆရာဝန်၊ သူနာပြုများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်နယ်လူမှုရေးဝန်ကြီးကပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဆရာဝန် ၊ သူနာပြုများနှင့် မိတ်ဆက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေး စကားပြောကြားရာတွင် ရခိုင်ပြည်နယ်၏ Covid-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ တွင်တာဝန်အရမဟုတ်ဘဲ မိမိတို့၏ စေတနာမေတ္တာ များဖြင့်လာရောက် ကူညီဆောင်ရွက်ပေးကြသည့် အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊

အထူးသဖြင့် မိမိတို့ ရခိုင်ပြည်နယ်အတွက် မေတ္တာဖြင့် စေတနာထားကာ ကူညီပေးရန် လာရောက်ကြသည် ဟုလည်းမိမိအနေဖြင့် ခံယူပါကြောင်း၊ ယခုလို ကူညီ ပေးခြင်းသည်တန်ဖိုးဖြတ်၍မရနိုင်ပါကြောင်း၊မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက်ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေထိုင်စား သောက်ရေးနှင့် ဆေးဝါးများအတွက်လည်း ကူညီ
ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လိုအပ်ချက်
များရှိလျင်လည်း မိမိတို့အစိုးရအဖွဲ့ကို ပွင့်ပွင့် လင်းလင်းတင်ပြပေးစေလိုကြောင်း တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်အစိုးရမှလည်း ရခိုင်ပြည်နယ်အတွက် ကျန်းမာ ရေးနှင့်ပတ်သက်လျှင် မရှိဟုမဖြစ်ရအောင်ဆောင်
ရွက်ပေးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါကြောင်း၊ ဘယခုကဲ့သို့ အင်အား အပြည့်ဖြင့် လာရောက် ဆောင်ရွက်ပေးကြသည့် အတွက် မိမိတို့အတွက် စိတ်အား၊ ခွန်အားများဖြစ် ပါကြောင်း ကျေးဇူးလည်းများစွာ တင်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီး ချုပ်က “မိမိဆန္ဒအ လျောက်” ယာယီတာဝန်ထမ်း ဆောင်ရန်ရောက်ရှိလာ‌ေသာဆရာဝန်နှင့် သူနာ ပြုများအတွက် ထောက်ပံ့ထောက်ပံ့ငွေကျပ် ၄၅ သိန်း တိတိအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၃။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်(ဘုမေ)၌ Covid-19 ရောဂါ လူနာများအတွက် သီးသန့်လူနာဆောင်များ ပြုလုပ် မည့် အဆောင်များနှင့် Quarantine ထားရှိရာ အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့် နေရာများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေကြသည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါ သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •