ဆရာဇော် ရေးတဲ့စာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

FB – Page တွေကို ကျွန်တော် မဖွင့်ခဲ့ပါဘူး။
အကြောင်း ၂ ချက် ရှိပါတယ်။

၁. ကျွန်တော်တို့ နှစ်ရှည် ထောင်ကျခဲ့တော့ နည်းပညာနဲ့ မရင်းနှီးခဲ့လို့ရယ် ၊ အရွယ်ကလဲ ရှေးရိုးစွဲသမားလို ဖြစ်ခဲ့တယ်။

၂. အုပ်ချုပ်ရေး တာဝန်ယူခဲ့ရတော့ ၂၈ မြို့နယ် နေရာအနှံ့ ရောက်နိုင်တော့ ပြည်သူ့အသံတွေ ကြားနိုင်လို့ပါ။

အခုတော့ မသုံးမဖြစ် သုံးရတော့မှာမို့ Page တစ်ခု ထူထောင်ခဲ့ပါတယ်။

Covid – 19 ဖြစ်ပွါးချိန် စည်းရုံးရေးကို လွတ်လွတ်လပ်လပ် စိတ်ရှိတိုင်း မလုပ်နိုင်တဲ့အခါမို့ online ကို အားကိုးရမှာ ဖြစ်တော့ ပြည်သူ့အတွက် Page ကို ဖွင့်ခဲ့တာပါ။

လောလောဆယ် ဝင်ရောက်ကြည့်ရှုသူ အားလုံးကိုလည်း အထူး ကျေးဇူးတင်ပါတယ်။

အကြံဉာဏ် ပေးသူတွေရော၊ တိုင်ကြားသူတွေကိုရော၊ ဆုတောင်းပေးသူတွေ ကိုရော၊ comment ဝင်ပေးသူတွေ ကိုရော လေးလေးစားစား ဖတ်ရှုပြီး တုန့်ပြန် ဆောင်ရွက်သွားမှာပါလို့ ပြောချင်ပါတယ်။

ကျွန်တော်နဲ့ အစိုးရအဖွဲ့ ဆောင်ရွက်ခဲ့တာတွေကို Page ပေါ်တင်မှာပါ။

ဆောင်ရွက်မယ့် ကိစ္စအားလုံးဟာ ပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ Covid – 19 ကို ဂရုတစိုက် ကာကွယ်ကြပါရန် တောင်းဆိုပါတယ်။

 

https://www.facebook.com/DoctorZawMyintMaung/

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •