ဆရာဝန်တစ်ဦးထံ အကောင့် Password တောင်းကာ သိန်း ၅၀ လိမ်ထုတ်သွားသူကို မြဝတီတွင်ဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးထံဘဏ်အကောင့် Password တောင်းကာ သိန်း ၅၀ လိမ်လည် ထုတ်ယူသွားသူကို မြဝတီမြို့တွင်ဖမ်းဆီးရမိ

ရန်ကုန် ၊ အောက်တိုဘာ ၈

ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်း
ဆောင်နေသည့် ဆရာဝန်တစ်ဦး၏ဘဏ်အကောင့် Passwordကိုတောင်းကာငွေကျပ်သိန်
း(၅၀)လိမ်လည်ထုတ်ယူသွားသူအားမြဝတီ
မြို့တွင်အောက်တိုဘာ(၇)ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းမြဝတီမြို့မရဲစခန်းမှသိရသည်။

မြဝတီမြို့မရဲစခန်း၌ ဒုရဲအုပ် မင်းမင်းထွန်းနယ်ထိန်းအရာရှိတာဝန်ထမ်းဆောင်နေစဉ် အောက်တိုဘာ၇ရက်နံနက်ပိုင်းကရန်ကုန်တိုင်းကြီးဒေသကြီးဗဟန်းမြို့မရဲစခန်း၏ (ပ)၁၁
၀၈/၂၀ ၂၀၊ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဂ
)အမှုနှင့် အလိုရှိနေသောဖုန်းနံပါတ် 09—-
နှင့် U Chit sanအမည်ပါဘဏ်အကောင့်ပိုင်
ရှင်သည် မြ၀တီမြို့နယ်တွင်ရောက်ရှိနေသဖြင့် စုံစမ်းနိုင်ပါရန်ဗဟန်းမြို့မရဲစခန်းမှ ဖုန်းဆက်သွယ်အကြောင်းလာသဖြင့် အမှုမှ တရား
ခံ၏ ဖုန်းနံပါတ်အားဆက်သွယ်စုံစမ်းရာ ဖုန်းနံပါတ်ပိုင်ရှင်မှာ မြ၀တီမြို့အမှတ်(၄) ရပ်ကွက်၊ ပဒုမ္မာလမ်းတွင်နေထိုင်သူ ကိုချစ်စံဖြစ်ေ
ကြာင်း သိရှိရသဖြင့် မြ၀တီမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဇော်ဇော်လွန်း၊ ရဲတပ်ကြပ် ဇော်လင်းနိုင်ဦး၊ ရဲတပ်သား ထွန်းဇော်မိုး၊ သက်
သေများဖြစ်ကြ အမှတ် (၄)ရပ်ကွက် အုပ်ချပ်
ရေးမှူး ဦးစည်လှိုင်(ခ)ဦးစိန်ထွန်း ၊ ရာအိမ်မှူး ဦးစိုးတို့နှင့်အတူ ငွေလွဲ/ ငွေထုတ်လုပ်ငန်းလုပ်ကိုင်သူကိုချစ်စံ၊ ၃၇ နှစ်၏နေအိမ်သို့မွန်းလွဲ
ပိုင်း(၁)နာရီတွင်ရောက်ရှိ စုံစမ်းမေးမြန်းရာ ၎င်းသည် စက်တင်ဘာ(၂၀)ရက်နေ့ ညနေပိုင်
းတွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ မြတ်စုမွန်စိုး အမည်ဖြင့် ၎င်း၏ U Chit San အမည်ပါဘဏ်အကောင့်သို့လွှဲပေးသည့်
ငွေကျပ်သိန်း(၅၀)အား ထုတ်ယူခဲ့ကြောင်းေ
ပြာပြသိရှိရသဖြင့်မြ၀တီမြို့မရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်အပေါ် ကိုချစ်စံအား သက်သေများနှင့်အတူ ဆက်လက်မေးမြန်းရာ ၎င်းသည်
Myat Hsu Facebook Accountပိုင်ရှင်၏
ဖုန်နံပါတ်၀၉—–သို့ ၎င်းကိုင်ဆောင်သည့်
ဖုန်းနံပါတ်၀၉—-ဖြင့် ဆက်သွယ်၍၎င်းမှာ မင်းရဲကျော်စွာလမ်းရှိ KBZ ဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းပြောပြီး ဒေါက်တာအသုံးပြုနေသည့်KBZ pay အကောင့်မှာ level
-2 အဆင့်သာရှိသဖြင့် level-3 အဆင့်သို့ ပြောင်းလဲမှသာ ငွေသွင်း/ထုတ်အဆင်ပြေနိုင်မည်ဟု ပြောဆိုကာ KBZ pay အကောင့်၏ password အားတောင်းခံခဲ့ကြောင်း၊အဆိုပါ
KBZ Pay အကောင့်သို့ဝင်ရောက်ကြည့်ရှုရာ ငွေကျပ်(၅၃)သိန်းရှိသည်ကိုတွေ့ရှိပြီး ငွေကျပ်သိန်း(၅၀)အား၎င်း၏ U Chit San အမည်ပါဘဏ်အကောင့်သို့ လွှဲပြောင်းထုတ်ယူခဲ့ေ
ကြာင်း စစ်မေးသိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘဏ်ဝန်းထမ်းဟန်ဆောင်၍ငွေ
ကြးလိမ်လည်ထုတ်ယူခဲ့သူတရားခံ ကိုချစ်စံ
၃၇ နှစ်(ဘ)ဦးစံသာကျော်အား မြဝတီမြို့မရဲစခန်းအချုပ်၌ အောက်တိုဘာလ(၇)ရက်မွန်လွဲ
၂နာရီကျော်အချိန်တွင် ချုပ်နှောင်ထားရှိပြီး
တရားခံလွှဲပြောင်းပေးနိုင်ရေး ဗဟန်းမြို့မရဲစခန်းနှင့်ရဲတပ်ဖွဲ့ချင်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •