ဆိပ်ကြီးခနောင်တို-ဒလတံတား ပန္နက်ရိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆိပ်ကြီးခနောင်တို-ဒလတံတား ပန္နက်ရိုက်ပြီ

ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်သို့ ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တိုတံတား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီကနေ့ နေ့လည် ၁နာရီခွဲက ကျင်းပခဲ့ပါတယ်။

အဲဒီ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး ပန္နက်ရိုက်ပေးခဲ့ပါတယ် ။

 

ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်ချင်းဆက်သွယ်မည့် အရှည် (၂၅၄၂)ပေရှိ တွံတေးတူးမြောင်းကူးတံတားဖြစ်ပါတယ်။

 

ဆိပ်ကြီးခနောင်တိုနဲ့ဒလကိုဆက်သွယ်မယ့်တံတားပါ။တွံ့တေးတူးမြောင်းကို ဖြတ်မယ့်တံတားပါ ။ဆိပ်ကြီးခနောင်တိုမြို့သားတွေ ဒလကိုကူးပြီး ဒလ ရန်ကုန်တံတားကိုဖြတ်ရင် ရန်ကုန်ကို မိနစ်သုံးဆယ်အတွင်းရောက်ရှိမှာဖြစ်ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •