ဆုရဂုဏ်ပြုလွှာ တစ်ခုချင်းစီိပေါ်မှာအမှတ်အသားလေးတစ်ခုစီ ဆွဲလို့ ပြီးသွားပါပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

(၁၀)နှစ်နီးပါး ပစ်ထားတဲ့ ရေဆေးတွေက ခြောက်ကပ်နေပါပြီ။ (၁၀)နှစ်နီးပါး စုတ်တံနဲ့ဝေးခဲ့တဲ့လက်က စေခိုင်းရာကို ဖြောင့်ဖြောင့် ဖြူးဖြူး မလိုက်နာပါ။ လုပ်ရတာ အဆင်မချောပါဘူး။ ဒါပေမယ့် maskပြိုင်ပွဲကို အားပေးတဲ့အနေနဲ့ အပ်မကိုင်ဘူးသူတွေတောင် ပါဝင်ခဲ့သေးတာပဲလို့ စဉ်းစားပြီး ဆုရဂုဏ်ပြုလွှာ တစ်ခုချင်းစီိပေါ်မှာအမှတ်အသားလေးတစ်ခုစီ ဆွဲလို့ ပြီးသွားပါတယ်။ ကောင်းတာထက် ကျေးဇူးတင်ကြောင်း ပြချင်တဲ့ စေတနာပါ။ ဂုဏ်ပြုလွှာတွေကို အမြန်ဆုံး ပို့ပေးလိုက်ပါမယ်။ ပြိုင်ပွဲဝင်ခဲ့သူအားလုံးအတွက် ကဒ်လေးတွေက စပို့နေပါပြီ။

 

ခုတလော quarantine ဝင်ရတဲ့သူတွေကို ကြောက်တာ၊ မလိုလားတာဆိုတာတွေရှိပါတယ်။ တကယ်တော့ quarantine ထဲဝင်တဲ့လူတွေကအန္တရာယ်မဟုတ်ပါဘူး။ ရောဂါပိုးရှိနေရင်တောင်မှ ပုံမှန်ကျန်းမာရေး
စိစစ်မှု ခံနေရတာကြောင့် စောစောသိပြီး စောစောကုသမှုခံရမှာပါ။ယခုရောဂါပိုး တွေ့ရှိထားသူ ၂၃၃ ဦး၊ ရောဂါကင်းစင်လာသူ ၁၄၃ ဦး ဖြစ်ပါတယ်။

Quarantine ထဲမှာ မဟုတ်ပဲ၊ ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသူများမှ ကူးစက်နိုင်မဲ့အန္တရာယ်ကို သတိထားရမှာပါ။ အကောင်းဆုံး ကာကွယ်နည်းကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ကိုယ်တိုင်လိုက်နာခြင်းပဲဖြစ်ပါတယ်။ ကိုယ့််ရောဂါကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင်နိုင်ဆုံးပါ။

အချို့က ပြည်တော်ပြန်တွေ ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ် လွန်ရာက ဒေါသဖြစ်ကြပါတယ်။ ဘယ်သူမှ ရောဂါမဖြစ်ချင်ကြ ပါဘူး။ ဘယ်သူကမှလည်း နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းသွားပြီးဝမ်းစာမရှာချင်ကြပါဘူး။ နယ်စပ်က ပြန်လာတဲ့ အလုပ်သမား အများစုက အခက်အခဲများကြားက အလုပ်လုပ်ကြရတာပါ။ နောက်ပြီးရတဲ့ ဝင်ငွေက လုပ်သူနဲ့မိသားစုအတွက်ပဲလို့ မမြင်ပါနဲ့။ ပြည်တွင်းကို ရောက်လာတဲ့ငွေတွေက နိုင်ငံရဲ့စီးပွါရေး လည်ပတ်မှုထဲကို ရောက်သွားခြင်းအားဖြင့် နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးရေးကိုအထောက်အကူပြုပါတယ်။ ၂၀၁၉ခုနှစ်အတွင်း ဘဏ်များမှတဆင့်တရားဝင်ရရှိငွေမှာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ပါတယ်။

ကျွန်မတို့အားလုံး တစ်ဦးကိုတစ်ဦး အကျိုးပြုနိုင်ကြပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •