ဆောက်လုပ်ပြီးသည့် ဝန်ထမ်းအိမ်ခန်းနေရာများ ဆရာ ၊ ဆရာမများကို ဦးစားပေးချထားလျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ ဆောက်လုပ်ပြီးစီးသည့် ဝန်ထမ်းအိမ်ခန်းပေါင်း ယခုနှစ်အထိ ၂၆ဝဝဝ ကျော်ခန်းရှိပြီး ပညာရေးဌာနမှ ဆရာ၊ ဆရာများကို ဦးစားပေးချထားပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

”ဝန်ထမ်းတွေနေရာချထားတဲ့အခါမှာ ကျောင်းဆရာ၊ ဆရာမတွေကို လက်ရှိအခြေအနေမှာ ဦးစားပေး ချထားပေးပါတယ်။ မိသားစုတစ်စုမှာ ဝန်ထမ်းနှစ်ဦးရှိတယ်ဆိုရင် အိမ်ခန်းတစ်ခန်းပေးရုံနဲ့ အဆင်ပြေသွား တဲ့အတွက် ဦးစားပေးဆောင်ရွက်ပေးပါတယ်။ ပွင့်လင်းမြင်သာစွာနဲ့ မဲနှိုက်ချပေးတာပါ။ အိမ်ခန်းလစာတွေ အနေနဲ့ အမှုထမ်းဆိုရင် လစာရဲ့ သုံးရာခိုင်နှုန်း၊ အရာထမ်းဆိုရင် လစာရဲ့ ငါးရာခိုင်နှုန်း သတ်မှတ်ကောက် ခံပါတယ်။ နေထိုင်ခွင့်ရတဲ့ ဝန်ထမ်းတွေက လက်ရှိနေထိုင်တာ ရှိ၊ မရှိ၊ အခြားသူတွေ ထားနေသလားဆိုတာ အမြဲတမ်း စစ်ဆေးတာတွေလုပ်ပါ တယ်” ဟု မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

ဝန်ထမ်းများအနေဖြင့် နေခွင့်ရှိသည့် အချိန်တွင် စည်းကမ်းတကျ နေထိုင်ကြပြီ တာဝန်မထမ်းဆောင်၍ ပြောင်းရွေ့သွားမည်ဆိုပါက နှစ်လအတွင်း ပြန်လည်အပ်နိုင်ရန် သတ် မှတ်ချက်များရှိကြောင်း၊ ပင်စင်ယူသွား ပါကလည်း လေးလနေခွင့်ပြုထားပြီး ပြန်အပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြောင်းရွှေ့လာသော ဝန်ထမ်းများကို ဆက်လက်နေရာချထားပေးရန်အဆင် ပြေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အိမ်ခန်းပေါင်း ၄ဝ၄၄ခန်းနှင့် အခြားဌာနများ က အိမ်ခန်းပေါင်း ၂၂ဝ၉၄ ဆောက်လုပ်ပြီးစီးရာ ယခုနှစ် အထိ အခန်းပေါင်း ၂၆၁၃၈ခန်း ဆောက်လုပ်ပြီးဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ခန့်အပ်ဝန်ထမ်းအင်အားနှင့် နှိုင်းယှဉ်ပါက ဝန်ထမ်းလေးဦးလျှင် အိမ်ခန်းတစ်ခန်းနှုန်း လက်ရှိတွင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဝန်ထမ်း သုံးဦးလျှင် တစ်ခန်းနှုန်း ဆက်လက်ဆောင်ရွက်ပေးရန်စီစဉ်နေကြောင်း သိရသည်။

”မိဘတွေက ဝန်ထမ်းတွေပါ။ အရင်က အိမ်ငှားနေခဲ့ရတယ်။ အခု ဝန်ထမ်းအိမ်ရာ အိမ်ခန်းမှာနေထိုင် ခွင့်ရတဲ့အတွက် အများကြီးအဆင်ပြေပါတယ်။ ရတဲ့လစာက နှစ်သိန်းကျော်၊ အဲဒီထဲကနေ ခြောက်ထောင် ကျပ်ပဲ သွင်းရပါတယ်။ အပြင်မှာအိမ်ငှားနေ ခဲ့ရတာနဲ့စာရင် အများကြီး အဆင် ပြေသွားပါတယ်။ အပြင်မှာ အိမ်ငှားနေခဲ့တုန်းက မီးခ၊ ရေခတွေပါ ပေါင်းရင် တစ်သိန်းကျော်ပါတယ်။ အခု ဝန်ထမ်းသုံးဦးကို အိမ်ခန်း တစ်ခန်းနှုန်းပေးမယ်ကြားရတော့ မရသေးတဲ့ အိမ်ငှားနေနေရသေးတဲ့အပြင်က ဝန်ထမ်းတွေအတွက် အများကြီး အဆင်ပြေသာွးမာှပါ။ ဝမ်းလည်းဝမ်း သာပါတယ် ”ဟု မဲကင်းကုန်းရပ်ရှိ အောင်မြေမန္တလာ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့်အလယ်တန်းပြဆရာမ တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးတငွ် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းအင်အား တစ်သိန်း ကျော်အား ဝန်ထမ်းသုံးဦးလျှင် တစ် ခန်းနှုန်းအတွက် အိမ်ခန်းပေါင်း ၈၆ဝဝ ခန့်လိုအပ်မည်ဖြစ်ရာမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၁၅ဝ ခန်းကို လာမည့်ဘဏ္ဍာရေးနှစ် လေး နှစ်တာကာလအတွင်း လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၆၄၅ဝ ခန်းအား မန္တလေး တိုင်းဒေသကြီးအတွင်းရှိ အခြားဌာနများမ ှ၎င်းတို၏့ ဝန်ထမ်းအိမ်ရာလိုအပ် ချက် အပေါ်မူတည်၍ ၎င်းတို့ဌာန ပိုင် မြေနေရာပေါ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေး၊ ဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်သွားမည့် နည်းလမ်းများဖြင့် ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ဝန် ထမ်းအိမ်ရာများကို ခုနစ်မြို့နယ် တွင် လေးခန်းတွဲ လေးထပ် ၁၃လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၂ဝ၄ခန်း၊ ခရိုင် ရုံးတစ်ရုံး၊ Community Centre အဆောက်အအုံတစ်လုံးနှင့် Infrasturcure လုပ်ငန်း ၁၁ ခု ဆောင် ရွက်လျက်ရှိကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရာမှ မေ ၁၅ ရက် မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြား ချက်နှင့်အညီ ပြန်လည်လုပ်ကိုင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •