ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ် အခမဲ့ ထပ်မံပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ထပ်မံပေးသွားမည်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ (COVID–19) ရောဂါပိုး ကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် (၃၀-၆-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ် သည့်ကိစ္စရပ်များမပါ) အား (၁၅-၇-၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင် လ(၁)ရက်မှ (၁၅)ရက်အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ(သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုး အစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ထပ်မံပေးသွားမည်ဖြစ်သည်။

သို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၇၅) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့် အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့ သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှအပ ကျန် သုံးစွဲသူများအားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးချက်ထုတ်ပြန်ထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •