ဇွန်လ၂၂ရက်​နေ့မှာ မင်းရာဇာ ရုံး​ပြောင်း​လျှောက်ထားမှု အပြီးသတ်အမိန့်ချမယ်။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင် မင်းရာဇာရုံးပြောင်းလျှောက်ထားတဲ့အမှုကိုလာမယ့်ဇွန်လ၂၂ရက်နေ့အရှေ့ပိုင်းခရိုင်တရားရုံးမှာအပြီးသတ်အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။

မင်းရာဇာအပါအဝင် သုံးဦးအမှုတွင် တရားလိုဘက်မှ ငွေကျပ်သိန်းတစ်ရာပေးရန်တောင်းဆိုကြောင်း ယနေ့ ဇွန်၁၁ရက် ရုံးထုတ်စစ်ဆေးမှုအပြီး မင်းရာဇာက သတင်းထောက်များကိုပြောကြားခဲ့ပါတယ်။

ဇွန်၁၁ရက်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးသို့ လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့အပြီး၊ လာမည့် ဇွန် ၂၅သို့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

 

သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးအား အိမ်အကူအမျိုးသမီးငယ်၏ မိခင်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရွှေပေါက်ကံနေအိမ်သို့ သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာပြီး ဘောင်းဘီ ချွတ်ကာ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ယောက္ခမဖြစ်သူက ဦးခေါင်းကိုတူဖြင့် ထုသည့်အတွက် သွေးထွက်ဒဏ်ရာများ ရရှိသည်ဟု ပြောကြားခြင်းကြောင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

 

ယင်းအမှုနှင့် ပတ်သက်ပြီး ယခင်က ရွှေပေါက်ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို (ပ)၅၀၅၊ ရာဇသတ်ကြီးပုဒ်မ-၃၂၄/၃၂၅/၃၅၄နှင့်၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ဒါအပြင် သရုပ်ဆောင် မင်းရာဇာမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရပါတယ်။

ပုဒ်မ ၃၇၆ နဲ့စွဲဆိုထားတဲ့ အမှုကိုတော့ ဇွန်လ၁၉ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •