ဇွဲကပင်တောင်ပေါ်မှခုန်ချ တဲ့သူရဲ. ရုပ်အလောင်းအား (၆၀၀)ပေခန့်မြင့်သော ကမ်းပါးယံတွင် ရှာဖွေတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၁၀.၇.၂၀၂၀ ရက်နေ့၊ ၁၃ ၂၃အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှ အမျိုးသား(၁)ဦး ခုန်ချမှုဖြစ်ပွားကြောင်း ကနဦးသတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
Update
ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မော်လမြိုင်မြို့ စေတနာ့ဝန်ထမ်းဒရုန်းအဖွဲ့၊ ဘားအံမြို့ မြေစာရင်း ဒရုန်းအဖွဲ့နှင့် မာဃလူမှု ကယ်ဆယ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၇ ၃၂)အချိန်တွင် ရုပ်အလောင်းအား တောင်အောက်ခြေ မြေပြင်မှ (၆၀၀)ပေခန့်မြင့်သော ကမ်းပါးယံတွင် ရှာဖွေတွေ့ရှိခဲ့ပြီး သယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Update
၁၉ ၁၀ အချိန်တွင်တောင်ခြေသို့ရောက်ရှိပြီး ဘားအံ့ပြည်သူ့ဆေးရုံကြီးမှ သူနာတင်ယာဉ်ဖြင့် ဘားအံ့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Soure – MFSD

Spread the love
  •  
  •  
  •  
  •  
  •  
  •